နေပြည်တော်၊ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် ရန်ပြုပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် လှိုင်မြို့မရဲစခန်းအား တိုက်ခိုက်မှုဖြစ်စဉ်တွင် လက်ပစ်ဗုံး ၃ လုံးစလုံး ပေါက်ကွဲခဲ့ပြီး လက်ပစ်ဗုံးပစ်ခတ်စဉ် လွင့်စင်ကျခဲ့သည့် လီဗာတံ ၂ ချောင်းနှင့် ဗုံးအိမ်ခေါင်း ၁ ခု၊ ဘောစိအစအနများ တွေ့ရှိရပြီး ၎င်းအစအနများနှင့် လီဗာတံပုံစံတူ ၃ ချောင်းအား မတ်လ ၂၇ ရက်နေ့ ကြည်မြင်တိုင် မြို့နယ်၊ မြို့မရဲစခန်းအား လာရောက်ပစ်ခတ်သည့် လက်ပစ်ဗုံး ၃ လုံးပေါက်ကွဲရာနေရာတွင် ထပ်မံတွေ့ရှိခဲ့ရပါသည်။
၎င်းဖြစ်စဉ် ၂ ခုအရ အကြမ်းဖက်မှုဆောင်ရွက်သူအဖွဲ့အနေဖြင့် အသုံးပြုသည့် လက်ပစ်ဗုံး အမျိုးအစားတူ(ထုတ်လုပ်သည့်နိုင်ငံနှင့် အမျိုးအစား စိစစ်ဆဲ)များအား အသုံးပြုခဲ့ကြောင်း တွေ့ရှိရပြီး တာမွေမြို့နယ်အတွင်း ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင် အမျိုးအစား မတူညီသော လက်ပစ်ဗုံး (ထုတ်လုပ်သည့်နိုင်ငံနှင့် အမျိုးအစား စိစစ်ဆဲ)များ အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ရန်ကုန်မြို့အတွင်း သောင်းကျန်းသူနယ်မြေများ၊ နယ်စပ်ဒေသများမှ လက်ပစ်ဗုံးနှင့် အမျိုးအစားတူ လက်နက်ခဲယမ်းများ ဝင်ရောက်လာနိုင်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။