ယခုတစ်ပတ်အတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှု ငွေကျပ် သန်း ၆ဝ ကျော်သာရှိ၍ ယခင်တစ်ပတ်ကထက် ရောင်းဝယ်မှု သိသာစွာ လျော့ကျ

ယခုတစ်ပတ်အတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှု ငွေကျပ် သန်း ၆ဝ ကျော်သာရှိ၍ ယခင်တစ်ပတ်ကထက် ရောင်းဝယ်မှု သိသာစွာ လျော့ကျ

ရန်ကုန်စတော့အိတ်ချိန်းမှ စာရင်းဝင် ကုမ္ပဏီခြောက်ခု၏ ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ  စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ ငွေကျပ် သန်း ၆ဝ ကျော်သာ ရှိ၍ ယခင်တစ်ပတ်ကထက် ရောင်းဝယ်မှု သိသာစွာ လျော့ကျသွားကြောင်း   ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။ ဇူလိုင်  ၂၁  ရက်မှ  ၂၄  ရက်အထိ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ခြောက်ခု၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ စတော့ရှယ်ယာအစောင်ရေ ၁၂၆၆ဝ မှ   စတော့ရှယ်ယာတန်ဖိုး   ငွေကျပ် ၆၄၆၁၅၁ဝဝ ရှိခဲ့ပြီး ဇူလိုင် ၁၃ ရက်မှ ၁၇  ရက်အထိ  စတော့ရှယ်ယာရောင်းဝယ်မှုမှာ  စတော့ရှယ်ယာ အစောင်ရေ ၁၉၈ဝ၄၈၇ စောင်မှ စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၇၃၂၃၅၂၅ဝဝဝ ရှိခဲ့သည့်အတွက် ယခုတစ်ပတ်အတွင်း စတော့ရှယ်ယာရောင်းဝယ်မှုမှာ သိသာစွာ လျော့ကျခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့  ရောင်းဝယ်မှု လျော့ကျခြင်းမှာ  ယခင်တစ်ပတ်ကကဲ့သို့ MTSH မှ လက်ကားဈေးကွက် မရှိခြင်းနှင့် ဇူလိုင် ၂ဝ ရက်က ဈေးကွက်ပိတ်ခဲ့ပြီး စတော့အရောင်းအဝယ်မှာ လေးရက်သာပြုလုပ် နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ တစ်ခုချင်းစီအလိုက် ရောင်းဝယ်မှုကိုကြည့်မည် ဆိုပါက First Myanmar Investment Public Co.,Ltd. ( FMI ) ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ စတော့ရှယ်ယာ အစောင်ရေ  ၂၂၃၂  စောင်မှ   စတော့ရှယ်ယာတန်ဖိုးငွေကျပ်  ၂၃၂၄၉ဝဝဝ  ရှိခဲ့ကြောင်း  သိရသည်။ ဒုတိယမြောက်စာရင်းဝင် ကုမ္ပဏီဖြစ်သည့်  Myanmar  Thilawa  SEZ Holdings Public Co.,Ltd .( MTSH ) ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ စတော့ရှယ်ယာ အစောင်ရေ   ၆၁၃၁  စောင်မှ စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၂၃၂၉၃၈ဝဝ ရှိခဲ့ကြောင်း သိရသည်။ 

တတိယမြောက်စာရင်းဝင် ကုမ္ပဏီဖြစ်သည့်  Myanmar Citizens Bank (MCB) ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ  ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ စတော့ရှယ်ယာ အစောင်ရေ ၂၉ စောင်မှ စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၂၃၂ ၉ဝဝ ရှိခဲ့ကြောင်း သိရသည်။ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီဖြစ်သည့်  First Private Bank Limited  (FPB)  ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ  ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ စတော့ရှယ်ယာ အစောင်ရေ  ၃၁၇ စောင်  မှ   စတော့ရှယ်ယာ တန်ဖိုး  ငွေကျပ် ၆၉၁၈၅ဝဝ ရှိခဲ့ကြောင်း သိရသည်။ ပဉ္စမမြောက်စာရင်းဝင် ကုမ္ပဏီဖြစ်သည့်  TMH Telecom Public Co.,Ltd.. ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ  ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ စတော့ရှယ်ယာ အစောင်ရေ  ၇၁ဝ မှ  စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၁၉၅၂၆ဝဝ ရှိခဲ့ကြောင်း သိရသည်။ 

ဆဋ္ဌမမြောက်   စာရင်းဝင် ကုမ္ပဏီဖြစ်သည့် Ever Flow River Group Public Co., Ltd. (EFR)၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ စတော့ရှယ်ယာအစောင်ရေ ၃၂၄၁ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၈၉၆၈၃ဝဝ ရှိခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ စတော့ရှယ်ယာ အရောင်းအဝယ်ကို စိတ်ပါဝင်စားသူများ၊ စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် ယခုအခါ  ရန်ကုန်မြို့တွင်းသာမက နယ်မြို့များ၌လည်း  Securities   Account ဖွင့်လှစ်ပြီး အရောင်းအဝယ် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 35671168467ae4f56dd6e48.65762771 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).