နေပြည်တော် သြဂုတ် ၂၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ကိုးဦးရှိလာသဖြင့် စုစုပေါင်းပိုးတွေ့လူနာ ၄၅ဝ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်များတွင် (၂၂-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာ၌ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL)မှ ဒုတိယအသုတ်အနေဖြင့် ဓာတ်ခွဲနမူနာ ၂၅၂ ခု နှင့် ရန်ကုန်မြို့ တပ်မတော်ဆေးရုံကြီးခုတင်- ၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၄၇ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် သုံးဦး တွေ့ရှိရသည်။
(၂၂-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL)မှ ဓာတ်ခွဲနမူနာ ၅၉၂ ခု၊ဆေးသုတေသန ဦးစီးဌာန(DMR )မှ ဓာတ်ခွဲနမူနာ ၁၂၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay))မှ ဓာတ်ခွဲနမူနာ ၂၇၆ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL, Mawlamyine)မှ ဓာတ်ခွဲနမူနာ ၁ဝ၉ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၃၉ ခုနှင့် ရန်ကုန်မြို့ တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၄၇ ခု စုစုပေါင်း ၁၂၉ဝ ခုအားစစ်ဆေးခဲ့သည်။
(၂၃-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၄၆၉ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၂၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲ နမူနာ ၁၆၈ ခုနှင့် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၄၁ ခု စုစုပေါင်း ၉ဝ၅ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ခြောက်ဦးတွေ့ရှိရသည်။
(၂၃-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ၄၅ဝ ဦးရှိပြီဖြစ် သည်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ ရှိသူ သုံးဦး (Case-219, 257 နှင့် 324)ရှိ သဖြင့် ယနေ့အထိ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၃၄၁ ဦးရှိပြီဖြစ်သည်။ ၎င်းတို့
အနက် ၃၃၅ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသည်။
ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။ (၂၂-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီမှ (၂၃-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရ သော စောင့်ကြည့်လူနာအသစ် ၂၈ ဦးရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။