SJ WorldNews - шаблон joomla Авто

ဆက်ပိုရိုမြို့ ၂ဝ၂၆ ဆောင်းရာသီ အိုလံပစ် အိမ်ရှင် လျှောက်ထားမှု ပယ်ချခံရ

Thursday, 20 September 2018 08:33 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ စက်တင်ဘာ ၁၉

ဂျပန်နိုင်ငံ ဆက်ပိုရိုမြို့သည် ၂ဝ၂၆  ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် လုပ်ခွင့်ရရန်  လျှောက်ထားရာတွင် မကြာသေးမီက ဟော့ကိုင်းဒိုးကျွန်း၌ လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် ပယ်ချခံလိုက်ရသည်။   မကြာမီက  ဂျပန်နိုင်ငံမြောက်ပိုင်းရှိ  ဟော့ကိုင်း ဒိုးကျွန်း၌  ငလျင်ပြင်းထန်စွာလှုပ် ခတ်ခဲ့ရာ လူပေါင်း ၄၁ ဦးသေဆုံးခဲ့ပြီး  ဆက်ပိုရိုမြို့သည်  ထိုကျွန်းပေါ်၌ တည်ရှိသော မြို့ဖြစ်ခြင်းကြောင့် ဆက် ပိုရိုမြို့ တာဝန်ရှိသူများနှင့် နိုင်ငံတကာ  အိုလံပစ်ကော်မတီ  တာဝန်ရှိသူများ ယမန်နေ့က   တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂ဝ၂၆ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ပြုလုပ်ရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြ သည်။ 

ဆက်ပိုရိုမြို့သည် ယခုလို ပယ်ချခံရခြင်းကြောင့်  ၂ဝ၃ဝ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် လုပ်ခွင့်ရရန် ပြန်လည် ပြောင်းရွှေ့လျှောက်ထားမည် ဖြစ်သည်။

လက်ရှိတွင် ၂ဝ၂၆ ဆောင်းရာသီ အိုလံပစ်ပွဲအတွက် စတော့ဟုမ်း၊ ကယ်လ်ဂါရီ၊ တူရင်၊ မီလန်၊ ကော်တီနာ   မြို့များ နှင့် အာဇာရမ်မြို့များ  အိမ်ရှင် လုပ်ခွင့်ကို ဆက်လက် ယှဉ်ပြိုင် နေကြရသည်။

Read 180 times Last modified on Thursday, 20 September 2018 08:52