Print this page

ပရိသတ်များဘေးကင်းရေးအတွက် ဂရုစိုက်နေထိုင်ရန် ဂွါဒီယိုလာတိုက်တွန်း အရေးအကြီးဆုံးမှာ လမ်းညွှန် ချက်များကိုလိုက်နာရန်ဟု ဖွင့်ဟ

Thursday, 28 May 2020 08:16 font size decrease font size decrease font size increase font size increase font size

 

မတ်လလယ်ကတည်းက ရပ်နားထားရသော အင်္ဂလန်ဘောလုံးလောကတွင် အရေးပါသော ပရီးမီးယားလိဂ်နှင့် အင်္ဂလန်ဘောလုံးလိဂ်မှပွဲများ ရာသီကုန်သည်အထိ ဆက်ကစားနိုင်ရန် စီမံကိန်းချမှတ်လုပ်ဆောင်နေရာ ယခုကာလရောက်မှသာ

 အသင်းတိုင်း COVID-19  ရောဂါ ရှိ၊ မရှိ နှစ်ကြိမ် စစ်ဆေးခဲ့ပြီး ကစားသမား ငါးယောက်တစ်တွဲနှုန်းသာ  အချင်းချင်း ထိတွေ့မှုမရှိသည့်  လေ့ကျင့်ခန်းများလုပ်ခွင့်ရသည်။ ပြီးခဲ့သည့်   သီတင်းပတ်ကုန်ကမှ  မန်စီးတီး အသင်းနှင့် လေ့ကျင့်ခန်းဆင်းရန် စပိန်မှပြန်လာသော  နည်းပြဂွါဒီယိုလာက  အားလုံးအတွက် ဘောလုံးပွဲများ ပြန်ကစားရန် အလိုရှိသော်လည်း ပရိသတ်များအနေဖြင့် လက်ရှိအချိန်ထိ အရေးအကြီးဆုံးသောအရာမှာ   ကျန်းမာရေးသာဖြစ်ကြောင်းနှင့် အားလုံးဘေးကင်းရေးအတွက် ဂရုစိုက်နေထိုင်ကြရဦးမည်ဟု တိုက်တွန်း အကြံပြုခဲ့သည်။

ဂွါဒီယိုလာ၏မိခင်    ဒိုလော့စ်ဆာလာသည်  Lockdown    ကာလအတွင်း    COVID-19  ရောဂါကူးစက်ခံ ရခြင်း ကြောင့် အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် စပိန်သို့ ပြန်သွားနေခဲ့ပြီး ပြီးခဲ့သည့် တစ်ပတ်ကမှ အင်္ဂလန် သို့ပြန်လာခဲ့သော ဂွါဒီယိုလာက တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်အားလုံးက ဘောလုံးပွဲတွေကို မျှော်လင့်စောင့်ဆိုင်းနေကြပါတယ်။  ကျွန်တော် တို့ကလည်း ပြန်ကစားချင်နေပါပြီ။ ဒါပေမဲ့ အခု အချိန်အထိ  အဓိကအရေးအကြီးဆုံးအရာက

ဘောလုံးမဟုတ်ပါဘူး။   အားလုံးဘေးကင်းဖို့နဲ့ သတိထားပြီးနေ ထိုင်ကြဖို့ပါပဲ။ အားလုံးက လျှော့တွက် လို့မရ နိုင်ဘဲ ရောဂါကူးစက်သွားနိုင်တယ်။ ကျွန်တော်တို့က ဘောလုံးပွဲတွေအတွက်ပြန်လာမှာပါ။  ကျွန်တော့် အထင် ပထမတော့ ပရိသတ်တွေပါနိုင်ဦးမယ်မထင်ဘူး။ ဒါပေမဲ့ မကြာမီ အရင်အတိုင်းပြန် သွားနိုင် မယ်ထင်ပါတယ်။ လက်ရှိအချိန်ထိကတော့ အရေးအကြီးဆုံးအရာက လမ်းညွှန်ချက်တွေကို လိုက်နာ ရေးပါပဲ။ Mask တပ်ရ မယ်၊ဘယ်လောက်အကွာအဝေးမှာ    နေရမယ်   စတဲ့လမ်းညွှန်ချက်တွေကို  လိုက်နာရမယ် ဟု တိုက်တွန်းပြောသည်။

ဂွါဒီယိုလာကိုယ်တိုင်သည်လည်း လေ့ကျင့်ခန်း အစီအစဉ်များကို ကြီးကြပ်နေရာတွင်  လမ်းညွှန် ချက်များအတိုင်း ြေျု တပ်၊ လက်အိတ်များဝတ် ဆင်ပြီး  အကောင်းဆုံးလိုက်နာဆောင်ရွက်နေ ကြောင်း သိရသည်။ 

             

Read 61 times