Submitted by admin_webportal on Mon, 08/23/2021 - 11:52
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်စစ်သွေးကြွအဖွဲ့တွေ သိမ်းပိုက်လိုက်ပါပြီဆိုကတည်းက နိုင်ငံတကာအရေးလေ့လာ သူတွေရဲ့ အကြည့်ဟာ အမေရိကန်နိုင်ငံ ထုတ်လက်နက်တွေအပေါ်ကနေ မခွာခဲ့ပါဘူး။ အာဖဂန်နစ္စတန်နိုင်ငံမှာ ကျန်ရစ်ပြီး တာလီဘန်တို့ လက်တွင်းသက်ဆင်းသွားရတဲ့ အမေရိကန်ထုတ်လက်နက်တွေဆိုတာ အရေအတွက်အားဖြင့်တော့ မနည်းမနော ဖြစ်နေခြင်း ကြောင့်လည်း သူတို့တွေက စိုးရိမ်နေကြတာပါ။ သူတို့စိုးရိမ်တဲ့အချက်ကတော့ အဲဒီလက်နက်တွေဟာ မြေပြင်မှာ ဘာသာရေး စစ်ပွဲဆင်နွှဲသူတွေနဲ့ အကြမ်းဖက်သမားတွေဆီကို ရောက်သွားလေမလားဆိုတဲ့အချက်ပါ။
|
Submitted by admin_webportal on Mon, 08/23/2021 - 11:47
မိမိပြောလိုသည်များ၊ မိမိပြောချင်နေသည်များကို တစ်ပါးသူသိကြားစေလို၊ သိကြားစေချင်သောကြောင့်စကားပြောကြ၏။ အချို့က ပြောပြလိုသည်များ၊ ပြောပြချင်နေသည်များကို စကားနှင့်မပြောဘဲ စာဖြင့်ရေးသားကြ၏။ စာရေးသားခြင်းဟူသည် စကားပြောခြင်း အနုပညာတစ်မျိုးဟူ၍ယူသော် ရကောင်းပါသည်။ စာရေးနေသူတို့ရေးနေသောစာသည် စာဖတ်နေသူတို့အား စကားပြောနေခြင်းပင် မဟုတ်ပါလော။စကားတစ်ခွန်း၊ စာတစ်ကြောင်းသည် ပြောကြားသူ၊ ရေးသားသူက သြဇာကြီးမာလေလေ နာကြားရသူ၊ ဖတ်ရှုရသူအတွက် သက်ရောက်မှုကြီးလေလေဖြစ်ပါသည်။ သြဇာကြီးမားသူ၏ ပြောကြားသောစကားတစ်ခွန်း၊ရေးသားသော စာတစ်ကြောင်း ကြောင့် နာကြားရသူ၊ ဖတ်ရှုရသူ၏ဘဝလမ်းကြောင်း အပြောင်းအလဲကိုဖြစ်စေ
|
Submitted by admin_webportal on Sat, 08/21/2021 - 12:37
အမေရိကတိုက်ကို ဘယ်သူကရှာတွေ့ခဲ့တာလဲလို့မေးရင် ကျွန်တော်တို့ငယ်ငယ်က သင်ယူခဲ့ရတဲ့အတိုင်း ခရစ္စတိုဖာ ကိုလံဘတ်က ရှာတွေ့ခဲ့တာပါလို့ ပြန်ဖြေမိပါလိမ့်မယ်။
တကယ်တော့ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိမှုသမိုင်းက အဲဒီလောက်အထိမရိုးရှင်းပါဘူး။ ခရစ္စတိုဖာကိုလံဘတ်က ၁၄၉၂ ခုနှစ်မှာ အမေရိက တိုက်လို့ခေါ်တဲ့ ကမ္ဘာသစ်ကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ ခရစ္စတိုဖာကိုလံဘတ်ကိုမမွေးခင် နှစ်ပေါင်း ၅၀၀ ခန့်ကတည်းက အမေရိကတိုက်ကိုခြေချခဲ့ဖူးတဲ့ နော်ဝေနိုင်ငံသားတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ လိ(ဖ်) အဲရစ်ဆွန် ဖြစ်ပါတယ်။
|
Submitted by admin_webportal on Sat, 08/21/2021 - 12:23
နိဒါန်း
ကမ္ဘောဒီးယားနိုင်ငံ၏ တရားဝင်အမည်မှာ ကမ္ဘောဒီးယားဘုရင့်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှရှိ အင်ဒိုချိုင်းနား ကျွန်းဆွယ် တောင်ပိုင်းတွင်တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံနှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး အကျယ်အဝန်းမှာ ၁၈၁ယ၀၃၅ စတုရန်း ကီလိုမီတာဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် စာရင်းအရ လူဦးရေ ၁၅.၂၈ သန်း ရှိသည်။
|
Submitted by admin_webportal on Thu, 08/19/2021 - 13:02
ဟေတီနိုင်ငံဆိုတာ ကာရေဘီယံပင်လယ်နဲ့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားမှာရှိတဲ့ သေးငယ်လှတဲ့ကျွန်းစု နိုင်ငံလေး တစ်နိုင်ငံရယ်ပါ။ အဲဒီလိုမျိုး သေးငယ်လှတဲ့ကျွန်းစုနိုင်ငံလေးမှာမှ နိုင်ငံနဲ့မဆံ့အောင်ဖြစ်ရတဲ့ ဒုက္ခတွေက အခုရက်ပိုင်း လေးအတွင်းမှာပဲ ဆက်တိုက်ဆိုသလို ဖြစ်လာတာတွေ့ရပါတယ်။
|
Submitted by admin_webportal on Thu, 08/19/2021 - 12:46
ကျုပ်တို့ရွာမှာ ကိုဖိုးသိဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူ့အမည်ရင်းက ကိုဖိုးသီပါ။ ဘာမဆိုအကုန်သိတယ်၊ အကုန်တတ်တယ်ဆိုပြီး သူ့ကိုယ်သူအထင်ကြီးနေတဲ့သူပါပဲ။ ဒါကြောင့် သူ့ကို ကျုပ်တို့တစ်ရွာလုံးက နာမည်အသစ်ပေးလိုက်တာပါ။ ကိုဖိုးသိတဲ့။ကိုဖိုးသိက သူ့ကိုယ်သူ ဘာမဆိုအကုန်သိတယ်၊ အကုန်တတ်တယ်ဆိုပြီး နေရာတကာပါချင်တယ်။ လူရာဝင်ချင်တယ်။ လူတွင်ကျယ်လုပ် ချင်တယ်။ ဒီတော့သူ့ကို လူတကာက အထင်ကြီးအောင် သူသိသူတတ်ပြောဆိုတော့တာပါပဲ။လူထူထူရှိတဲ့နေရာဆို သူရောက်လာပြီ။ ဟန်တစ်လုံးပန်တစ်လုံးနဲ့ အာပေါင်အာရင်းသန်သန်ပြောတာပေါ့။ အပြောတာသန်တယ် ရွာရေးရွာတာကိုတော့ဘာတစ်ခုမှ မည်မည် ရရလုပ်တာမရှိဘူး။ အပြောသမားသက်သက်ပဲ။ အလုပ်သမား
|
Submitted by admin_webportal on Tue, 08/17/2021 - 13:46
အာဖဂန်နစ္စတန်နိုင်ငံကတော့ တာလီ ဘန်တို့လက်အောက်ကျရောက်ပြီး နှစ် ၂၀ ကြာ ပြည်တွင်းစစ်အဆုံးသတ်သွားပြီလို့ တာလီဘန် တို့က ကြေညာလိုက်ပါပြီ။
အာဖဂန်နစ္စတန်သမ္မတကတော့ တာလီဘန်တွေ ကဘူးမြို့ကို အရပ် ၁၀ မျက်နှာ ကနေ ဝန်းရံထားပြီဆိုကတည်းက ထွက်ပြေး လွတ်မြောက်သွားခဲ့ပါပြီ။ သမ္မတနန်းတော်မှာ သမ္မတမရှိမှတော့ တာလီဘန်တွေအနေနဲ့ အချိန်တိုလေး အတွင်းမှာ တစ်နိုင်ငံလုံးကို ထိန်းချုပ်လိုက် နိုင်တာမမှားပါဘူး။
|
Submitted by admin_webportal on Tue, 08/17/2021 - 13:39
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရေချို၊ ရေငန်ငါးထုတ်လုပ်ရေးတွင် ငါးမျိုးများပြုန်းတီးလျက်ရှိသကဲ့သို့ ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် (C.P.U.E)ခေါ် ငါးဖမ်းဆီးရရှိမှုနှုန်းများ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာခြင်းတို့ကြောင့် တိုးပွားလာသောကမ္ဘာ့လူဦးရေကို ပံ့ပိုး ပေးနိုင်ရေးအတွက် ရေချို၊ ရေငန် လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထုတ်လုပ်ရေးဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိရသည်။
|
Submitted by admin_webportal on Sun, 08/15/2021 - 12:52
ယခုကာလအတွင်း လူမှုကွန်ရက်နှင့် အချို့သတင်းမီဒီယာများတွင် ပျံ့နှံ့နေသည့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းများကို ဖတ်လိုက်ရသည်။ သတင်းအရေအတွက် များသည့်တိုင် သတင်းအချက်အလက်မှာ တစ်ခုတည်းဟုဆိုရမည်ဖြစ်သည်။ စက်တင်ဘာ လတွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ခေတ္တထိန်းသိမ်းထားသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းသည့် အိမ်စောင့်အစိုးရ၏ ကိုယ်စားလှယ်နှင့် နိုင်ငံကို Fail State သို့ရောက်ရှိအောင် လုပ်ဆောင်မှုများကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာခြင်းခံထားသော NUG အဖွဲ့မှကိုယ်စားလှယ် မည်သည့် ကိုယ်စားလှယ်ကို အသိအမှတ်ပြု၍ အစည်းအဝေးတက်ရောက်စေမည်န
|
Submitted by admin_webportal on Sun, 08/15/2021 - 12:35
ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုတားဆီးရေးအတွေ့အကြုံများကို ဖလှယ်မည်ဖြစ်ပြီး ပါရှန်းပင်လယ် ကွေ့နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့၏လုံခြုံရေးကို ထိန်းသိမ်းမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ကပြောသည်။
|
|
|