သုတကမ္ဘာဂျာနယ်(၃၀-၁၁-၂၀၂၄) အတွဲ(၇)အမှတ်(၃၄)
Submitted by admin_webportal on Wed, 12/04/2024 - 15:46
သုတကမ္ဘာဂျာနယ် (၁၆-၁၁-၂၀၂၄) အတွဲ(၇)အမှတ်(၃၂)
ယဉ်ကျေးထက်မြက်တဲ့သူဖြစ်ပါစေ
မြန်မာမလေးသို့
ချစ်လှစွာသောမြန်မာမလေးရေ….
နှုတ်လျှာကြမ်းတမ်း နှုတ်သီးကောင်းလျှာပါး စွာတေးလန်ဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်ကို ထက်မြက်တဲ့ သူရယ်လို့ ဘယ်သူကမှ မသတ်မှတ်တတ်ကြပါဘူးကွယ်။
"မိုက်ရိုင်းလိုက်တာနော်" လို့ပဲသတ်မှတ်ကြပါတယ်ကွယ်။ မဟုတ်မခံခြင်းနဲ့ ရိုင်းပျခြင်းဟာ၊ သဘော သဘာဝခြင်း လုံးဝ(လုံးဝ) မတူညီပါဘူးရှင်။
အိုးထဲကနပ်ဖို့ လိုပါတယ်
လူငယ်များသို့ပေးစာ
တူမောင် . . .
တက္ကသိုလ်သွားပြီလို့သိရတယ်။ ပျော်ရွှင်စရာ တက္ကသိုလ်ကျောင်းသားဘဝမှာ ပျော်ရွှင်ပါ၊ သင်ယူစရာ ရှိတာတွေကိုလည်း ဆည်းပူးသင်ယူခဲ့ပါ။ တူမောင့်ရဲ့ သူငယ်ချင်းတချို့ကတော့ အခုထိ အထက်တန်း ကျောင်းသား ဘဝအဖြစ် ကျန်ရစ်ခဲ့တုန်းပဲ။ တကယ်စိတ်မကောင်း ဖြစ်ထိုက်ဖွယ် လူငယ်တွေ အတွက်ဆိုရင် ဝမ်းနည်းမိမှာမှန်ပေမယ့် အခြေခံမကောင်းခဲ့တဲ့ ကျောင်းသားတွေအတွက်တော့ ဦးလေး စိတ်မကောင်း မဖြစ်ပေးနိုင်ဘူး။
ဆင်ခြင်စဉ်းစား အသိတရား(အသေဝနာ စ ဗာလာနံ)
၃၈ ဖြာမင်္ဂလာ
ကျောင်းဆင်းခေါင်းလောင်းထိုးပြီဖြစ်သည်။
"လယ်ထဲမှာ ကဏန်းသွားနှိုက်ရအောင်ကွာ"
ပိုင်စိုးက ပစ္စည်းများကိုသိမ်းရင်း စိုးသူကို အဖော်ညှိလိုက်သည်။ စိုးသူက အဖြေပြန်မပေးဘဲ သူ့ပစ္စည်း များကို ဆက်သိမ်းနေသည်။
"တင့်လွင်လည်းလိုက်မယ်၊ မောင်လတ်လည်းလိုက်မယ်ကွ" ပိုင်စိုးက အဖော်ထပ်ညှိပြန်သည်။