အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
Submitted by mgmgtharlaydsitd on Wed, 12/13/2023 - 20:21
ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ထမင်းဘူးများ ပေးအပ်လှူဒါန်း
စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ပန်းချီကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်ခတ်ခံရပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန် သတင်းအမှားဖြန့်ဝေ
နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်
ဓားစာခံအဖြစ်အဖမ်းခံထားရသည့် မိဘမဲ့ဂေဟာက ကလေး ၃၅ ဦးနှင့် တာဝန်ရှိသူ ၄ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်ကယ်ထုတ်နိုင် ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေ
နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပါတ်မြို့ရှိ မိဘမဲ့ဂေဟာမှ ကလေးငယ် ၃၅ ဦးနှင့် တာဝန်ရှိသူ ၄ ဦးကို တပ်မတော်မှ ဓားစာခံအဖြစ်ဖမ်းဆီးထားသဖြင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု မဟုတ်မမှန်ကောလာဟလ သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရပါသည်။
ရွှေညောင်မြို့ကစာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ကျောင်းပိတ် ဟု ပြည်ဖျက် မီဒီယာများမှ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေ
နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၃
“ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ အမှတ်(၉)အထက်တန်းကျောင်းတွင် ကျောင်း မတက်ကြရန် လှုံ့ဆော်ထားသည့်စာရွက်များ အကပ်ခံရကြောင်းနှင့် ကျောင်းဝန်းထဲ ဗုံးတွေ့ တယ်ဟုဆိုကာ ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်” ဟု ပြည်ဖျက်မီဒီယာအချို့မှ မဟုတ်မမှန်ကောလာဟလ သတင်းများ ဖြန့်ဝေရေးသားလျက် ရှိသည်ကို တွေ့ရှိရပါသည်။
ရွာငံတွင် တော်လှန်ရေးရဲဘော်၏ မိသားစုဝင် ၈ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ ဟု DVB မှ ကောလာဟလသတင်းရေးသားဖြန့်ဝေ
နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံ ၈ ဦးကို တပ်မတော်က ဒီဇင်ဘာလ ၁၂ ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီး သွားသည် ဟု ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်
နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်
တရုတ်နိုင်ငံအကူအညီဖြင့် MNDAA၊ TNLA၊ AA အဖွဲ့များနှင့် နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများကို အနောက်နိုင်ငံ ထောက်ပံ့ပေးထားသည့် မီဒီယာများမှ အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG၊ PDF များမှ ၎င်းတို့ထံ ရောက်ရှိလာစေရေး ခြိမ်းခြောက် စည်းရုံးနေမှုများ၊ ၁၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့်