နိုင်ငံတကာသတင်း

ယူကရိန်းအနေဖြင့် ရုရှားကိုနိုင်မှသာ NATO တပ်ဖွဲ့အတွင်းဝင်ရမည်

ယူကရိန်းအနေဖြင့် ရုရှားကိုနိုင်မှသာ NATO  တပ်ဖွဲ့အတွင်းဝင်ရမည်

၀ါရှင်တန်၊ စစ်ရေး

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားကိုနိုင်မှသာ NATO တပ်ဖွဲ့အတွင်းဝင်ခွင့်ရမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်များကို ဇွန်လ ၁၇ ရက်တွင်ပြောသည်။

ရုရှားရေတပ်က ပစိဖိတ်ရေယာဉ်စုအတွက် ကော်ဗက်စစ်ရေယာဉ်တစ်စင်းကို ရေချ

ရုရှားရေတပ်က ပစိဖိတ်ရေယာဉ်စုအတွက် ကော်ဗက်စစ်ရေယာဉ်တစ်စင်းကို ရေချ

မော်စကို၊ စစ်ရေး

ရုရှားရေတပ်က ပစိဖိတ်ရေယာဉ်စုအတွက် ကော်ဗက်စစ်ရေယာဉ်တစ်စင်းကို ဇွန်လ ၁၈ ရက်တွင် ရေချလိုက် ကြောင်း သိရသည်။

အဆိုပါ ကော်ဗက်စစ်ရေယာဉ်သည် Project 20385 စီမံကိန်းမှထွက်ပေါ်လာသည့် မျိုးဆက်သစ် စစ်ရေယာဉ်ဖြစ်ပြီး ၎င်းကို Provorny ဟုအမည်ပေးထားသည်။

မလေးရှားက BRICS အဖွဲ့ဝင်နိုင်ရေး ပြင်ဆင်နေ

မလေးရှားက BRICS အဖွဲ့ဝင်နိုင်ရေး ပြင်ဆင်နေ

ကွာလာလမ်ပူ၊ ပြည်တွင်းရေး

မလေးရှားက BRICS အဖွဲ့ဝင်နိုင်ရေးအတွက်ပြင်ဆင်လျက်ရှိကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က တရုတ်သတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် ပြောသည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းထားသည့် BRICS အဖွဲ့သည် ပြီးခဲ့သည့် နှစ်မှစ၍ အဖွဲ့ဝင်အင်အားကို တိုးမြှင့်ရန် လုပ်ဆောင်လာသည်။

NATO အဖွဲ့ဝင်နိုင်ငံများက နျူကလီးယားထိပ်ဖူးများကို အသင့်တပ်ဆင်ထားရေးဆွေးနွေးနေ

NATO အဖွဲ့ဝင်နိုင်ငံများက နျူကလီးယားထိပ်ဖူးများကို အသင့်တပ်ဆင်ထားရေးဆွေးနွေးနေ

ဘရပ်ဆဲ၊ စစ်ရေး

NATO အဖွဲ့ဝင်နိုင်ငံများက ဒုံးကျည်များတွင် နျူကလီးယားထိပ်ဖူးများကို အသင့်တပ်ဆင်ထားရေး ကိစ္စဆွေးနွေးနေကြောင်း  ထိုတပ်ဖွဲ့အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ကပြောသည်။

ဇီလန်စကီအတွက် မဆုံးနိုင်သောငွေပေးနေရမှုများ ရပ်တန့်စေမည်ဟု ဒေါ်နယ်ထရမ့်ပြော

ဇီလန်စကီအတွက် မဆုံးနိုင်သောငွေပေးနေရမှုများ ရပ်တန့်စေမည်ဟု ဒေါ်နယ်ထရမ့်ပြော

၀ါရှင်တန်၊ နိုင်ငံရေး

အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် သမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရလျှင် ယူကရိန်းသမ္မတ ဇီလန်စကီ အတွက် မဆုံးနိုင်သောငွေပေးနေရမှုများ   ရပ်တန့်စေမည်ဟု ကတိပြုလိုက်ကြောင်း သိရသည်။

ဘိုင်ဒင်နှင့်ထရမ့်တို့နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသားအရေအတွက်မြင့်တက်လာ

ဘိုင်ဒင်နှင့်ထရမ့်တို့နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသားအရေအတွက်မြင့်တက်လာ

၀ါရှင်တန်၊ နိုင်ငံရေး

အမေရိကန်နိုင်ငံ၌ ရွေးကောက်ပွဲထပ်မံဝင်ပြိုင်မည့် လက်ရှိသမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသား အရေအတွက်က စံချိန်တင်မြင့် တက်လာကြောင်း  စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အာရှနိုင်ငံများမှ တာဝန်ရှိသူအများအပြား မတက်ရောက်

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အာရှနိုင်ငံများမှ တာဝန်ရှိသူအများအပြား မတက်ရောက်

စင်ကာပူ၊ နိုင်ငံရေး

ဆွစ်ဇာလန်နိုင်ငံ၌ကျင်းပသော ရုရှားနိုင်ငံ ပါဝင်ခြင်းမရှိသည့် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အာရှနိုင်ငံများမှ တာဝန်ရှိသူအများအပြား တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

စျေးကြီးသော လီသီယံအိုင်းယွန်းဘက်ထရီများကို သံကစျေးသက်သာစေမည်

စျေးကြီးသော လီသီယံအိုင်းယွန်းဘက်ထရီများကို သံကစျေးသက်သာစေမည်

လက်ရှိတွင် စျေးနှုန်းကြီးမြင့်သော လီသီယံအိုင်းယွန်း ဘက်ထရီများတွင် သံများကို အစားထိုး အသုံးပြုခြင်းအားဖြင့် ထိုဘက်ထရီများကို စျေးသက်သာစေမည် ဖြစ်သည်။

လီသီယံအိုင်းယွန်းဘက်ထရီများ၏ လျှပ်စစ်အမခေါင်းများအတွက် ရှားပါးပြီးစျေးကြီးသော ကိုဘော့နှင့် နီကယ်ဒြပ်စင်များကို အသုံးပြုနေရသည်။

AI နှင့် စက်ရုပ်လက်တံများကို ပူးပေါင်းအသုံးပြုမှုက လူသားများ၏ စွမ်းဆောင်ရည်ကို တိုးတက်စေမည်

AI နှင့် စက်ရုပ်လက်တံများကို ပူးပေါင်းအသုံးပြုမှုက လူသားများ၏ စွမ်းဆောင်ရည်ကို တိုးတက်စေမည်

AI နည်းပညာအသုံးပြု စက်ရုပ်လက်တံများကို အသုံးပြုခြင်းအားဖြင့် စွမ်းအင်ကိုချွေတာနိုင်မည့်အပြင် စက်ရုပ်နည်းပညာကို လည်းတိုးတက်စေမည်ဖြစ်ကာ ကမ္ဘာမြေပေါ်တွင်သာမက အာကာသထဲတွင် လည်း လူသားများ၏ စွမ်းဆောင်ရည်ကို တိုးတက်စေမည်ဖြစ်သည်။

အဆိုပါ AI နည်းပညာသည် ၎င်းအတွက် သီးသန့်ပရိုဂရမ်များ ရေးဆွဲရခြင်းမရှိဘဲ လူသားများ၏ အမှန် တကယ်လှုပ်ရှားမှုများကို သင်ယူခြင်းဖြင့် စက်ရုပ်လက်တံများကို ထိန်းချုပ်မည် ဖြစ်သည်။

တရုတ်က တောင်တရုတ်ပင်လယ်အတွင်းဖြတ်သန်းသည့် နိုင်ငံခြားသားများကို ထိန်းသိမ်းမည့် ဥပဒေ အသက်ဝင်

တရုတ်က တောင်တရုတ်ပင်လယ်အတွင်းဖြတ်သန်းသည့် နိုင်ငံခြားသားများကို ထိန်းသိမ်းမည့် ဥပဒေ အသက်ဝင်

ရှန်ဟိုင်း၊ လုံခြုံရေး

တရုတ်နိုင်ငံက ပြဋ္ဌာန်းထားသော ကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေတစ်ခုဖြစ်သည့် တောင်တရုတ် ပင်လယ်အတွင်း ဖြတ်သန်းသွားသော နိုင်ငံခြားသားများကို ထိန်းသိမ်းမည့်ဥပဒေသည် ဇွန်လ ၁၅ ရက် တွင် စတင်အသက်ဝင်လာကြောင်း သိရသည်။

အဆိုပါ ဥပဒေအရ နယ်စပ်ဝင်ထွက်ခွင့်ကို ချိုးဖောက်သည်ဟုယူဆရသူ နိုင်ငံခြားသားများကို တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခွင့်ရရှိမည် ဖြစ်သည်။