NASA ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ် အလုပ်ဖြစ်
Submitted by mgmgtharlaydsitd on Wed, 09/28/2022 - 10:31NASA ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ် အလုပ်ဖြစ်
အမေရိကန် အာကာသအေဂျင်စီဖြစ်သော NASA မှလွှတ်တင်ထားသည့် Dart အမည်ရှိ အာကာသယာဉ်တစ်စင်းသည် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို အရှိန်နှင့် ဝင်တိုက်လိုက်နိုင်သည့် အတွက် NASA ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်မှာ အလုပ်ဖြစ်ကြောင်းသိရသည်။
အသံထက် အလွန်မြန်သောနှုန်းဖြင့် ပြေးဝင်သွားသည့် Dart အာကာသယာဉ်သည် ကမ္ဘာမှ ကီလိုမီတာ ၁၁ သန်းခန့် အကွာတွင်ရှိသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားကို စက်တင်ဘာ ၂၇ ရက်တွင် ဝင်တိုက်ခြင်းဖြစ်ပြီး ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားကို လမ်းကြောင်း လွှဲလိုက်နိုင်သည်။