နိုင်ငံတကာသတင်း

ဆိုမာလီယာနိုင်ငံ၌ ပြင်းထန်အာဟာရ ချို့တဲ့သူကလေးငယ် ငါးသိန်းအထိမြင့်တက်လာ

ဆိုမာလီယာနိုင်ငံ၌ ပြင်းထန်အာဟာရ ချို့တဲ့သူကလေးငယ် ငါးသိန်းအထိမြင့်တက်လာ

ဆိုမာလီယာနိုင်ငံ၌ ပြင်းထန်အာဟာရ ချို့တဲ့သူ ကလေးငယ် အရေအတွက် ငါးသိန်းအထိ မြင့်တက်လာကြောင်းနှင့် အဆိုပါ ပမာဏသည် ကလေးငယ်ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် ၂၀၁၁ ခုနှစ် အငတ်ဘေးကာလထက် ပိုမိုများပြားကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့( Unicef)ကစက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ပိုမိုကြီးထွား လာတော့မည်ဟုဆို

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ပိုမိုကြီးထွား လာတော့မည်ဟုဆို

ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့သည် မကြာမီကျင်းပမည့် ထိပ်သီးညီလာခံတွင် ပိုမိုကြီးထွား လာတော့မည်ဖြစ်ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ ရှာဗကက် မီယာဇီယိုယက် ကပြောသည်။

ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသား အသက် ၁၁၂ နှစ်တွင် ကွယ်လွန်

ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသား အသက် ၁၁၂ နှစ်တွင် ကွယ်လွန်

ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် အဘိုး အိုမီကီဇိုယူအီဒါသည် အသက် ၁၁၂ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း နာရာမြို့တော် အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

မသေချာသည့် အခြေအနေများကြောင့် ကာကွယ်ရေး အစီအစဉ်များကို အသင့်ပြင်ဆင်လိုက်သည့် အီရန်

အီရန်အစိုးရသည်   နိုင်ငံအတွင်းရှိ မြို့ကြီး ၅၁ မြို့၌ အရပ်ဘက်ကာကွယ်ရေးစနစ်များကို  တပ်ဆင်လိုက်ပြီး  ပြည်ပမှ  လုပ်ဆောင်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှုများကို တားဆီးနိုင်ရေးအတွက် လေကြောင်းကာကွယ်ရေး စနစ်များကို ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အသင့်ပြင်ဆင်လိုက်သည်။

ဆိုမာလီယာ ကလေးငယ်များအတွက် ခြိမ်းခြောက်မှုအဖြစ် ထွက်ပေါ်လာသည့် အာဟာရပြတ်လပ်မှုနှင့် စစ်သွေးကြွအန္တရာယ်

အာဖရိကဒေသရှိ   ဆိုမာလီယာနိုင်ငံ တစ်ဝန်းလုံး၌   အစာအာဟာရပြတ်လပ် မှုကြောင့်   ကလေးငယ်ရာ ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်သည်။ ဆိုမာလီယာနိုင်ငံ အတွင်းရှိ   ပြည်သူအများအပြားသည် မိုးခေါင်ရေရှားမှုနှင့် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် လက်ရှိတွင်  အစားအစာရှားပါးမှုနှင့်ရင်ဆိုင်နေရပြီ ဖြစ်သည်။

တောင်ကိုရီးယားသို့ ဟင်နမ်နော်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှု လူနှစ်ဦး သေဆုံးပြီး  ၁၀ ဦး ပျောက်ဆုံး

တောင်ကိုရီးယားသို့ ဟင်နမ်နော်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှု လူနှစ်ဦး သေဆုံးပြီး  ၁၀ ဦး ပျောက်ဆုံး

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်လုံးဖြစ်သည့် ဟင်နမ်နော်သည် စက်တင်ဘာ ၆ ရက်နံနက် အစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ခေါင်ကျယ်မြို့သို့ ဝင်ရောက်တိုက်ခတ်ရာ လူနှစ်ဦးသေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဆီချွမ်ငလျင်အတွင်း သေဆုံးသူ ၆၅ ဦးရှိ၊ ရွာသားအယောက် ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေ

ဆီချွမ်ငလျင်အတွင်း သေဆုံးသူ ၆၅ ဦးရှိ၊ ရွာသားအယောက် ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေ

တရုတ်နိုင်ငံရှိ ဆီချွမ်ပြည်နယ်၌ လှုပ်ခတ်သွားသော အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၆၅ ဦးရှိလာချိန်တွင် ကယ်ဆယ်ရေး သမားများက ပိတ်မိနေသူ ဒေသခံရွာသား အယောက် ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း သိရသည်။

အဆိုပါငလျင်သည် စက်တင်ဘာ ၅ ရက်တွင် လှုပ်ခတ်ခြင်းဖြစ်ကာ ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူ့ရှိကြောင်း ပြည်တွင်း သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် အနည်းဆုံး၂၆ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် အနည်းဆုံး၂၆ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

    ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်  ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဖြစ်ပွားသည့် ရေကြီးမှုများကြောင့် အနည်းဆုံးလူ ၂၆ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သဘာဝကပ်ဘေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

ဆိုလာစွမ်းအင်သုံး QMX50 မောင်းသူမဲ့ လေယာဉ်အား ပထမဆုံးအကြိမ် အဖြစ် တရုတ်စမ်းသပ်ပျံသန်း

ဆိုလာစွမ်းအင်သုံး QMX50 မောင်းသူမဲ့ လေယာဉ်အား ပထမဆုံးအကြိမ် အဖြစ် တရုတ်စမ်းသပ်ပျံသန်း

တရုတ်နိုင်ငံသည်   အာကာသအနီးအထိ မောင်းနှင်ပျံသန်းနိုင်သော  ဆိုလာစွမ်းအင်သုံး   မောင်းသူမဲ့လေယာဉ်၏ ပထမဆုံးအကြိမ် မောင်းနှင်ပျံသန်းမှုကို အောင်မြင်စွာ  လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်ပျံသန်းရေး လုပ်ငန်း   ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (AVIC)က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

ဂျိုးဘိုင်ဒင်က နိုင်ငံ၏ ရန်သူဖြစ်ဟု ဒေါ်နယ်ထရမ့်ပြော

ဂျိုးဘိုင်ဒင်က နိုင်ငံ၏ ရန်သူဖြစ်ဟု ဒေါ်နယ်ထရမ့်ပြော

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နိုင်ငံ၏ ရန်သူတစ်ဦးဖြစ်ကြောင်း သမ္မတဟောင်း တစ်ဦးဖြစ်သူ  ဒေါ်နယ်ထရမ့်ကပြောသည်။