နိုင်ငံတကာသတင်း

အင်ဒို-ပစိဖိတ်ဒေသနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း နယ်မြေစိုးမိုးနိုင်ရေးကြိုးစားမှု အကောင်အထည် ပေါ်လာတဲ့ အိန္ဒိယ

အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာနဲ့အမျှ  ဒေသတွင်းမှာ စစ်ရေးအင်အားအရ သော်လည်းကောင်း၊   စီးပွားရေး အင်အားအရသော်လည်းကောင်း၊ နိုင်ငံရေးအင်အားအရသော်လည်းကောင်း တစ်နည်း မဟုတ်တစ်နည်းနဲ့  စိုးမိုးနိုင်ဖို့ ကြိုးစားကြရပါတယ်။

ထိုင်းနိုင်ငံ၌ အငှားယာဉ်စီးခများ တက်နိုင်ဖွယ်ရှိ

ထိုင်းနိုင်ငံ၌ အငှားယာဉ်စီးခများ တက်နိုင်ဖွယ်ရှိ

ထိုင်းနိုင်ငံ၌   အငှားယာဉ်စီးခများ တက်နိုင်ဖွယ်ရှိပြီး ထိုသို့ယာဉ်စီးခ တက်ခြင်းသည် မြင့်တက်လာသော စက်သုံးဆီဈေး၊ လူနေမှုစရိတ်နှင့် ၁၄ နှစ်အတွင်း အမြင့်ဆုံး ဖြစ်လာသည့် ငွေကြေးဖောင်းပွမှုတို့ကြောင့် အငှားယာဉ်မောင်းများ အသက်ရှူချောင် စေရန် အစိုးရက ခွင့်ပြုနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ အငှားယာဉ်စီးခများ တက်ခြင်းသည်  ရှစ်နှစ်ကျော် ကာလအတွင်း ထိုင်းနိုင်ငံအတွက် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ဗြိတိန်ရှိ လုပ်ငန်းခွင်များ၌ လူမည်း ၄၁ ရာခိုင်နှုန်းက လူမျိုးရေး ခွဲခြားမှုနှင့် ရင်ဆိုင်နေရ

ဗြိတိန်ရှိ လုပ်ငန်းခွင်များ၌ လူမည်း ၄၁ ရာခိုင်နှုန်းက လူမျိုးရေး ခွဲခြားမှုနှင့် ရင်ဆိုင်နေရ

    ဗြိတိန်နိုင်ငံ၏  လုပ်ငန်းခွင်များတွင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော လူမည်းများအနက် ၄၁ ရာခိုင်နှုန်းက လူမျိုးရေး ခွဲခြားမှုနှင့် ရင်ဆိုင်နေရကြောင်း သုတေသန တစ်ခုအရ သိရသည်။

ပြီးခဲ့သည့်ငါးနှစ်အတွင်း လုပ်ငန်းခွင်၌ လူမျိုးရေး ခွဲခြားခြင်းခံရသူ ၄၁ ရာခိုင်နှုန်း ရှိကြောင်း၊ ထိုအထဲတွင် လူမည်းများအပြင် လူညိုများနှင့် လူနည်းစု တိုင်းရင်းသားများလည်း ပါဝင်ကြောင်း အလုပ်သမား သမဂ္ဂများအဖွဲ့ဖြစ်သည့် ကုန်သွယ်ရေး သမဂ္ဂကွန်ဂရက်က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

အိန္ဒိယက ပထမဆုံးပြည်တွင်းဖြစ် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ထုတ်လုပ်

အိန္ဒိယက ပထမဆုံးပြည်တွင်းဖြစ် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ထုတ်လုပ်

    ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်မှု ကုမ္ပဏီဖြစ်သည့် အိန္ဒိယဆီရမ်အဖွဲ့ (SII) က နိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထုတ်လုပ်လိုက်ပြီး  မကြာမီဈေးကွက်သို့  တင်ပို့ဖြန့်ချိ သွားမည်ဖြစ်ကြောင်း ကုမ္ပဏီနှင့်အစိုးရ အဖွဲ့တို့က စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။

ဧရာမမိုးသီးများကြွေကျမှုကြောင့် စပိန်ကလေးငယ် တစ်ဦး သေဆုံး

ဧရာမမိုးသီးများကြွေကျမှုကြောင့် စပိန်ကလေးငယ် တစ်ဦး သေဆုံး

စပိန်နိုင်ငံမှ အသက် ၁ နှစ် ၈ လအရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ဦးသည် ဧရာမမိုးသီးများကြွေကျမှုကြောင့် ဦးခေါင်းကို မိုးသီးထိမှန်ပြီး သေဆုံးသွားကြောင်း တာဝန်ရှိသူများက သြဂုတ် ၃၁ ရက်တွင် ပြောသည်။

နိုင်ငံအရှေ့မြောက်ပိုင်း  ကာတာလိုနီးယားဒေသ၌ သြဂုတ် ၃၀  ရက်တွင် လက်သီးဆုပ်ခန့် ပမာဏရှိသည့် မိုးသီးများ ကြွေကျမှုဖြစ်ပွားရာ  လူအယောက်  ၅၀ ခန့်မှာ အရိုးများကျိုးကာ ပွန်းပဲ့ဒဏ်ရာများ ရရှိသည်။

ဥရောပဇုန်၏ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်

ဥရောပဇုန်၏ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်

သြဂုတ်လအတွင်း ဥရောပဇုန်၏ ငွေကြေး ဖောင်းပွမှုသည် ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာကြောင်း ဥရောပ စာရင်းအင်းရုံးက သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။

ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်ရသည့် အကြောင်းရင်းမှာ  စွမ်းအင်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်မားလာ ခြင်းကြောင့်ဖြစ်သည်။

နိုင်ငံစုံပါဝင်သော စစ်ရေးလေ့ကျင့်ခန်း ရုရှား အရှေ့ဖျားစွန်း၌ စတင်ဖွင့်လှစ်

နိုင်ငံစုံပါဝင်သော စစ်ရေးလေ့ကျင့်ခန်း ရုရှား အရှေ့ဖျားစွန်း၌ စတင်ဖွင့်လှစ်

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံလုပ်ဆောင်သည့် နိုင်ငံစုံပါဝင်သော စစ်ရေးလေ့ကျင့်ခန်းကို သြဂုတ် ၃၁ ရက်တွင် နိုင်ငံအရှေ့ဖျားစွန်း၌ စတင်ဖွင့်လှစ်ကြောင်းသိရသည်။

Vostok 2022 ဟုအမည်ပေးထားသည့် ထိုမဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်ခန်း၏ ဖွင့်ပွဲအခမ်းအနားကို  ပရီမောစကီးဒေသရှိ တပ်မတော်စက်ပစ်ကွင်း၌ ကျင်းပကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဧရာမ ရှေးဟောင်းဆင်ကြီး၏ ကျောက်ဖြစ်ဆင်စွယ်ကို အစ္စရေး၌ တွေ့ရှိ

ဧရာမ ရှေးဟောင်းဆင်ကြီး၏ ကျောက်ဖြစ်ဆင်စွယ်ကို အစ္စရေး၌ တွေ့ရှိ

 သမိုင်းမတင်မီခေတ်ကတည်းက ရှိခဲ့သော  ဧရာမ ရှေးဟောင်းဆင်ကြီး၏ ကျောက်ဖြစ်ဆင်စွယ်ကို အစ္စရေးနိုင်ငံတောင်ပိုင်းရှိ ရှာဖွေတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုမှ  တွေ့ရှိကြောင်း သိရသည်။

အရှည် ၂ မီတာခွဲရှိသည့် အဆိုပါကျောက်ဖြစ်ဆင်စွယ်၏ သက်တမ်းမှာ နှစ်ပေါင်း ငါးသိန်းခန့်ရှိပြီး ထိုဆင်စွယ်ကို တွေ့ရှိခြင်းကြောင့် မြေထဲပင်လယ်ဒေသအတွင်း   ကျက်စားခဲ့သည့် သတ္တဝါများ အကြောင်းကို  အတွင်းကျကျ သိရှိနိုင်စေမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက ပြောသည်။

တောင်ကိုရီးယားက ပြည်ပအလုပ်သမား အယောက် ၁၀၀၀၀ ကို ထပ်မံတိုးမြှင့် ခေါ်ယူမည်

တောင်ကိုရီးယားက ပြည်ပအလုပ်သမား အယောက် ၁၀၀၀၀ ကို ထပ်မံတိုးမြှင့် ခေါ်ယူမည်

တောင်ကိုရီးယား အစိုးရအနေဖြင့် ယခုနှစ်အတွင်း ကျွမ်းကျင်နယ်ပယ်မှ မဟုတ်သည့်ပြည်ပ အလုပ်သမား အယောက် ၁၀၀၀၀ ကိုထပ်မံတိုးမြှင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆက်စပ်ဖြစ်ပေါ်ခဲ့ရသည့် သင်္ဘောကျင်းလုပ်ငန်းနှင့် အခြားအကြီးစား လုပ်ငန်းများတွင်  အလုပ်သမား ရှားပါးမှုများကို ဖြေရှင်းရန် အစိုးရကကျွမ်းကျင် မဟုတ်သည့် အလုပ်သမားဗီဇာများကို  ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မီခေးဂေါ်ဘာချော့က ကမ္ဘာ့သမိုင်းအပေါ် သက်ရောက်မှု ကြီးမားစေခဲ့ဟု ပူတင်ပြော

မီခေးဂေါ်ဘာချော့က ကမ္ဘာ့သမိုင်းအပေါ် သက်ရောက်မှု ကြီးမားစေခဲ့ဟု ပူတင်ပြော

    ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးသမ္မတဖြစ်သည့် မီခေးဂေါ်ဘာချော့သည် ကမ္ဘာ့သမိုင်းအပေါ် သက်ရောက်မှုကြီးမားစေခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ကပြောသည်။

အသက် ၉၁ နှစ် ရှိပြီဖြစ်သည့် မီခေးဂေါ်ဘာချော့သည် သြဂုတ် ၃၁ ရက်တွင်လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ပြီး ကွယ်လွန်မှု အောက်မေ့ဖွယ်အဖြစ် ပူတင်က  ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။