ဂျပန်နိုင်ငံက အပြင်းထန်ဆုံး တိုင်ဖွန်း မုန်တိုင်းနှင့် ရင်ဆိုင်ရမည်
Submitted by mgmgtharlaydsitd on Sun, 09/18/2022 - 19:09ဂျပန်နိုင်ငံက အပြင်းထန်ဆုံး တိုင်ဖွန်း မုန်တိုင်းနှင့် ရင်ဆိုင်ရမည်
ဂျပန်နိုင်ငံအနေဖြင့် အပြင်းထန်ဆုံးတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မိုးလေဝသဌာနက စက်တင်ဘာ ၁၇ ရက်တွင် အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ကာ ဒေသခံများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခိုလှုံရန် တိုက်တွန်းထားသည်။
လက်ရှိအချိန်တွင် တိုင်ဖွန်းမုန်တိုင်း နန်မာဒေါသည် တစ်နာရီလျှင်လေတိုက်နှုန်း ကီလိုမီတာ ၂၇၀ နှုန်းဖြင့် ကျူရှူးကျွန်းသို့ ဦးတည် တိုက်ခတ်နေခြင်း ဖြစ်သည့်အတွက် မိုးလေဝသဌာနက အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ထားသည်။