နိုင်ငံတကာသတင်း

IS စစ်သွေးကြွအဖွဲ့ဝင် နိုင်ငံခြားသား ၁၃ ဦးအား တူရကီဖမ်းဆီး

IS စစ်သွေးကြွအဖွဲ့ဝင် နိုင်ငံခြားသား ၁၃ ဦးအား တူရကီဖမ်းဆီး

တူရကီနိုင်ငံ   မြို့တော်အန်ကာရာ၌ ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်တွင် စီးနင်းမှုများ လုပ်ဆောင်ရာ IS စစ်သွေးကြွအဖွဲ့ဝင်ဟု ယူဆရသူ  နိုင်ငံခြားသား ၁၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် TRT ရုပ်သံဌာနက ထုတ်ပြန်သည်။

ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့် အနောက်နိုင်ငံ ကုမ္ပဏီများ အနည်းဆုံး ဒေါ်လာ ၇၀ ဘီလီယံ ဆုံးရှုံး

ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့် အနောက်နိုင်ငံ ကုမ္ပဏီများ အနည်းဆုံး ဒေါ်လာ ၇၀ ဘီလီယံ ဆုံးရှုံး

ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့်  အနောက်နိုင်ငံ ကုမ္ပဏီများသည် စီးပွားရေးအရ အနည်းဆုံး ဒေါ်လာ ၇၀ ဘီလီယံ ဆုံးရှုံးသွားကြောင်း  ရုရှားမီဒီယာ တစ်ခုကဖော်ပြသည်။

ပါကစ္စတန်၌ ရေကြီးမှု လူ  ၈၀၀ ကျော် သေဆုံးပြီး နိုင်ငံတကာ အကူအညီ လိုအပ်နေ

ပါကစ္စတန်၌ ရေကြီးမှု လူ  ၈၀၀ ကျော် သေဆုံးပြီး နိုင်ငံတကာ အကူအညီ လိုအပ်နေ

    ပါကစ္စတန်နိုင်ငံ၌ ဖြစ်ပွားသော ရေကြီးမှုအတွင်း  လူ ၈၀၀ ကျော် သေဆုံးထားပြီး ထိုသဘာဝဘေးကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ အကူအညီများ လိုအပ်နေကြောင်းရာသီဥတုပြောင်းလဲမှု ရေးရာဝန်ကြီးက သြဂုတ်၂၄ ရက်တွင် ပြောသည်။

ထိုနိုင်ငံ၌ ဇွန်လမှစ၍ မုတ်သုံရာသီ စတင်ကာ မိုးရွာသွန်းနေခြင်းဖြစ်ပြီး သြဂုတ် ၂၄ ရက်အထိ ၂၄ နာရီအတွင်းမှာပင် ရေကြီးမှုကြောင့်  ကလေးငယ် ကိုးဦးအပါအဝင် လူတစ်ဒါဇင်ကျော် သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ရုရှားက မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များဖြင့် အရှေ့ပင်လယ် အတွင်း ကင်းလှည့်

ရုရှားက မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များဖြင့် အရှေ့ပင်လယ် အတွင်း ကင်းလှည့်

    ရုရှားစစ်ဘက်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းဖြင့် ဂျပန်ပင်လယ်ဟုလည်း ခေါ်သည့် အရှေ့ပင်လယ်အတွင်း ကင်းလှည့်မှုများ   လုပ်ဆောင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက   ထုတ်ပြန်ထားသည်ဟု    ရုရှားသတင်း ဌာနများက သြဂုတ်   ၂၃  ရက်တွင်   ဖော်ပြထားသည်။

တရုတ်က အာဖရိကနိုင်ငံ အများစုကိုအကြွေး လျှော်ပစ်မည်

တရုတ်က အာဖရိကနိုင်ငံ အများစုကိုအကြွေး လျှော်ပစ်မည်

တရုတ်အစိုးရအနေဖြင့် အာဖရိကဒေသရှိ နိုင်ငံ ၁၇ နိုင်ငံကို ချေးပေးထားသော အတိုးမဲ့ချေးငွေ ၂၃ မျိုးကို လျှော်ပစ်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တွင် ထားရှိသည့် တရုတ်နိုင်ငံပိုင် အရန်ငွေများအနက်   အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကိုလည်း အာဖရိကရှိ နိုင်ငံများသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း   သိရသည်။

ဆော်ဒီရဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် ကမ္ဘာ့ရေနံဈေး ၃ ရာခိုင်နှုန်းနီးပါး ခုန်တက်

ဆော်ဒီရဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် ကမ္ဘာ့ရေနံဈေး ၃ ရာခိုင်နှုန်းနီးပါး ခုန်တက်

ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့နှင့် အပေါင်းအပါနိုင်ငံများ (OPEC+) အနေဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းများစွာရှိကြောင်း၊ ထိုနည်းလမ်းများတွင် ရေနံထုတ်လုပ်မှုကို လျှော့ချခြင်းလည်း ပါဝင်ကြောင်း ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးက ပြောကြောင်း  နိုင်ငံပိုင်  SPA  သတင်းဌာနက သြဂုတ် ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စံချိန်တင်သဘာဝ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပ

စံချိန်တင်သဘာဝ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပ

ဥရောပဒေသဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

အခုဆိုရင် သြဂုတ် ၂၃ ရက်အတွက် သဘာဝဓာတ်ငွေ့ဈေးနှုန်း အဖွင့်ဈေးက တစ်မဂ္ဂါဝပ်နာရီကို  ၂၉၁ ယူရိုအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

ဥဇဘက်ကစ္စတန်မှာ ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ် စက်ရုံဆောက်မယ့် ဆော်ဒီအာရေဗျ

ဥဇဘက်ကစ္စတန်မှာ ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ် စက်ရုံဆောက်မယ့် ဆော်ဒီအာရေဗျ

ဥဇဘက်ကစ္စတန်သမ္မတ တစ်ယောက် ဆော်ဒီအာရေဗျနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိတဲ့ ရင်းနှီး မြှုပ်နှံမှု တစ်ပွေ့တစ်ပိုက်နဲ့ အိမ်ပြန်ရောက်လာပါတယ်။

အဲဒီ ၁၄ ဘီလီယံထဲကမှ ၁၂ ဘီလီယံက နာတာရှည် စွမ်းအင်ပြတ်လပ်မှု အရေးကို ကိုင်တွယ်နိုင်ရေးအတွက် ကြိုတင်လျာထားမှု ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ ရေကြီး၊ မြေပြိုမှုများကြောင့် လူ ၅၀ ဝန်းကျင် သေဆုံး 

အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ ရေကြီး၊ မြေပြိုမှုများကြောင့် လူ ၅၀ ဝန်းကျင် သေဆုံး 

အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့်   အရှေ့ပိုင်းတို့၌ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းသည့်အတွက်ဖြစ်ပွားသော ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် ပြီးခဲ့သည့် သုံးရက်အတွင်း သေဆုံးသူအယောက် ၅၀ ဝန်းကျင်ရှိကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၁ ရက်တွင် ပြောသည်။

ဂျပန်က တာဝေးပစ် ဒုံးကျည်အစင်း ၁၀၀၀ ဖြန့်ကြက် ချထားရန် စဉ်းစားနေ

ဂျပန်က တာဝေးပစ် ဒုံးကျည်အစင်း ၁၀၀၀ ဖြန့်ကြက် ချထားရန် စဉ်းစားနေ

ဂျပန်စစ်ဘက်အနေဖြင့် တာဝေးပစ် ဒုံးကျည်အစင်း ၁၀၀၀ ဖြန့်ကြက်ချထားရန် စဉ်းစားနေကြောင်း Yomiuri သတင်းစာက သြဂုတ် ၂၁ ရက်တွင်  ဖော်ပြထားသည်။

အဆိုပါဒုံးကျည်များသည် လက်တွင်းရှိ အဆင့်မြှင့်တင်ထားပြီးသော ဒုံးကျည်များ ဖြစ်ကြောင်းနှင့် အကွာအဝေးအားဖြင့် ကီလိုမီတာ ၁၀၀ မှ ကီလိုမီတာ ၁၀၀၀ အထိအဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း သတင်းစာက ဆက်လက် ဖော်ပြထားသည်။