နိုင်ငံတကာသတင်း

ဆီချွမ်ငလျင်အတွင်း သေဆုံးသူ ၆၅ ဦးရှိ၊ ရွာသားအယောက် ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေ

ဆီချွမ်ငလျင်အတွင်း သေဆုံးသူ ၆၅ ဦးရှိ၊ ရွာသားအယောက် ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေ

တရုတ်နိုင်ငံရှိ ဆီချွမ်ပြည်နယ်၌ လှုပ်ခတ်သွားသော အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၆၅ ဦးရှိလာချိန်တွင် ကယ်ဆယ်ရေး သမားများက ပိတ်မိနေသူ ဒေသခံရွာသား အယောက် ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း သိရသည်။

အဆိုပါငလျင်သည် စက်တင်ဘာ ၅ ရက်တွင် လှုပ်ခတ်ခြင်းဖြစ်ကာ ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူ့ရှိကြောင်း ပြည်တွင်း သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် အနည်းဆုံး၂၆ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် အနည်းဆုံး၂၆ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

    ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်  ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဖြစ်ပွားသည့် ရေကြီးမှုများကြောင့် အနည်းဆုံးလူ ၂၆ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သဘာဝကပ်ဘေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

ဆိုလာစွမ်းအင်သုံး QMX50 မောင်းသူမဲ့ လေယာဉ်အား ပထမဆုံးအကြိမ် အဖြစ် တရုတ်စမ်းသပ်ပျံသန်း

ဆိုလာစွမ်းအင်သုံး QMX50 မောင်းသူမဲ့ လေယာဉ်အား ပထမဆုံးအကြိမ် အဖြစ် တရုတ်စမ်းသပ်ပျံသန်း

တရုတ်နိုင်ငံသည်   အာကာသအနီးအထိ မောင်းနှင်ပျံသန်းနိုင်သော  ဆိုလာစွမ်းအင်သုံး   မောင်းသူမဲ့လေယာဉ်၏ ပထမဆုံးအကြိမ် မောင်းနှင်ပျံသန်းမှုကို အောင်မြင်စွာ  လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်ပျံသန်းရေး လုပ်ငန်း   ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (AVIC)က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

ဂျိုးဘိုင်ဒင်က နိုင်ငံ၏ ရန်သူဖြစ်ဟု ဒေါ်နယ်ထရမ့်ပြော

ဂျိုးဘိုင်ဒင်က နိုင်ငံ၏ ရန်သူဖြစ်ဟု ဒေါ်နယ်ထရမ့်ပြော

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နိုင်ငံ၏ ရန်သူတစ်ဦးဖြစ်ကြောင်း သမ္မတဟောင်း တစ်ဦးဖြစ်သူ  ဒေါ်နယ်ထရမ့်ကပြောသည်။

အင်ဒို-ပစိဖိတ်ဒေသနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း နယ်မြေစိုးမိုးနိုင်ရေးကြိုးစားမှု အကောင်အထည် ပေါ်လာတဲ့ အိန္ဒိယ

အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာနဲ့အမျှ  ဒေသတွင်းမှာ စစ်ရေးအင်အားအရ သော်လည်းကောင်း၊   စီးပွားရေး အင်အားအရသော်လည်းကောင်း၊ နိုင်ငံရေးအင်အားအရသော်လည်းကောင်း တစ်နည်း မဟုတ်တစ်နည်းနဲ့  စိုးမိုးနိုင်ဖို့ ကြိုးစားကြရပါတယ်။

ထိုင်းနိုင်ငံ၌ အငှားယာဉ်စီးခများ တက်နိုင်ဖွယ်ရှိ

ထိုင်းနိုင်ငံ၌ အငှားယာဉ်စီးခများ တက်နိုင်ဖွယ်ရှိ

ထိုင်းနိုင်ငံ၌   အငှားယာဉ်စီးခများ တက်နိုင်ဖွယ်ရှိပြီး ထိုသို့ယာဉ်စီးခ တက်ခြင်းသည် မြင့်တက်လာသော စက်သုံးဆီဈေး၊ လူနေမှုစရိတ်နှင့် ၁၄ နှစ်အတွင်း အမြင့်ဆုံး ဖြစ်လာသည့် ငွေကြေးဖောင်းပွမှုတို့ကြောင့် အငှားယာဉ်မောင်းများ အသက်ရှူချောင် စေရန် အစိုးရက ခွင့်ပြုနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ အငှားယာဉ်စီးခများ တက်ခြင်းသည်  ရှစ်နှစ်ကျော် ကာလအတွင်း ထိုင်းနိုင်ငံအတွက် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ဗြိတိန်ရှိ လုပ်ငန်းခွင်များ၌ လူမည်း ၄၁ ရာခိုင်နှုန်းက လူမျိုးရေး ခွဲခြားမှုနှင့် ရင်ဆိုင်နေရ

ဗြိတိန်ရှိ လုပ်ငန်းခွင်များ၌ လူမည်း ၄၁ ရာခိုင်နှုန်းက လူမျိုးရေး ခွဲခြားမှုနှင့် ရင်ဆိုင်နေရ

    ဗြိတိန်နိုင်ငံ၏  လုပ်ငန်းခွင်များတွင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော လူမည်းများအနက် ၄၁ ရာခိုင်နှုန်းက လူမျိုးရေး ခွဲခြားမှုနှင့် ရင်ဆိုင်နေရကြောင်း သုတေသန တစ်ခုအရ သိရသည်။

ပြီးခဲ့သည့်ငါးနှစ်အတွင်း လုပ်ငန်းခွင်၌ လူမျိုးရေး ခွဲခြားခြင်းခံရသူ ၄၁ ရာခိုင်နှုန်း ရှိကြောင်း၊ ထိုအထဲတွင် လူမည်းများအပြင် လူညိုများနှင့် လူနည်းစု တိုင်းရင်းသားများလည်း ပါဝင်ကြောင်း အလုပ်သမား သမဂ္ဂများအဖွဲ့ဖြစ်သည့် ကုန်သွယ်ရေး သမဂ္ဂကွန်ဂရက်က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

အိန္ဒိယက ပထမဆုံးပြည်တွင်းဖြစ် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ထုတ်လုပ်

အိန္ဒိယက ပထမဆုံးပြည်တွင်းဖြစ် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ထုတ်လုပ်

    ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်မှု ကုမ္ပဏီဖြစ်သည့် အိန္ဒိယဆီရမ်အဖွဲ့ (SII) က နိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထုတ်လုပ်လိုက်ပြီး  မကြာမီဈေးကွက်သို့  တင်ပို့ဖြန့်ချိ သွားမည်ဖြစ်ကြောင်း ကုမ္ပဏီနှင့်အစိုးရ အဖွဲ့တို့က စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။

ဧရာမမိုးသီးများကြွေကျမှုကြောင့် စပိန်ကလေးငယ် တစ်ဦး သေဆုံး

ဧရာမမိုးသီးများကြွေကျမှုကြောင့် စပိန်ကလေးငယ် တစ်ဦး သေဆုံး

စပိန်နိုင်ငံမှ အသက် ၁ နှစ် ၈ လအရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ဦးသည် ဧရာမမိုးသီးများကြွေကျမှုကြောင့် ဦးခေါင်းကို မိုးသီးထိမှန်ပြီး သေဆုံးသွားကြောင်း တာဝန်ရှိသူများက သြဂုတ် ၃၁ ရက်တွင် ပြောသည်။

နိုင်ငံအရှေ့မြောက်ပိုင်း  ကာတာလိုနီးယားဒေသ၌ သြဂုတ် ၃၀  ရက်တွင် လက်သီးဆုပ်ခန့် ပမာဏရှိသည့် မိုးသီးများ ကြွေကျမှုဖြစ်ပွားရာ  လူအယောက်  ၅၀ ခန့်မှာ အရိုးများကျိုးကာ ပွန်းပဲ့ဒဏ်ရာများ ရရှိသည်။

ဥရောပဇုန်၏ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်

ဥရောပဇုန်၏ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်

သြဂုတ်လအတွင်း ဥရောပဇုန်၏ ငွေကြေး ဖောင်းပွမှုသည် ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာကြောင်း ဥရောပ စာရင်းအင်းရုံးက သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။

ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်ရသည့် အကြောင်းရင်းမှာ  စွမ်းအင်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်မားလာ ခြင်းကြောင့်ဖြစ်သည်။