နီပေါ၌ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုမှ ရုပ်အလောင်း ၆၈ လောင်းကို ရရှိထား
နီပေါ၌ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုမှ ရုပ်အလောင်း ၆၈ လောင်းကို ရရှိထား
နီပေါနိုင်ငံအလယ်ပိုင်း ပိုခါရာဒေသ၌ ဇန်နဝါရီ ၁၅ ရက်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ ထိုပျက်ကျမှုမှ အနည်းဆုံး ရုပ်အလောင်း ၆၈ လောင်းကို ရရှိထားကြောင်း တာဝန်ရှိသူများက ပြောသည်။
ထိုခရီးသည်တင်လေယာဉ်တွင် စုစုပေါင်း လူ ၇၂ ဦး လိုက်ပါသွားကြောင်းနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း အရပ်ဘက်လေ ကြောင်းအာဏာပိုင် အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဂျာဂန်နက်နီရိုလာက ပြောသည်။