ရုရှားနိုင်ငံ၏ စီးပွားရေး တည်ငြိမ်လျက်ရှိဟု ပူတင်ပြော
ရုရှားနိုင်ငံ၏ စီးပွားရေး တည်ငြိမ်လျက်ရှိဟု ပူတင်ပြော
ရုရှားနိုင်ငံ၏စီးပွားရေးသည် ယခင်မျှော်လင့်ထားသည်ထက် ပိုမိုတည်ငြိမ်သည့် အနေအထားတွင် ရှိကြောင်းနှင့် ယခုထက် ပိုမိုတည်ငြိမ်သည့် အလားအလာများလည်း ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၅ ရက်တွင် Russia 1 TV သတင်းဌာနသို့ ပြောသည်။
“စီးပွားရေးအခြေအနေက တည်ငြိမ်နေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဘက်များကသာမက ကျွန်တော် တို့ကိုယ်တိုင်မျှော်မှန်းထားတဲ့ အခြေအနေ ထက်ကို ပိုမိုသာလွန်နေပါတယ်” ဟု ပူတင်က ပြောသည်။