မှူခင်းသတင်း

အပ်နှံထားသည့် ယာဉ်အား ရောင်းစားသူကို အမှုဖွင့် အရေးယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အောက်တိုဘာ ၁ ရက်တွင် အပ်နှံထားသည့်ယာဉ်အား ရောင်းစားခဲ့သူကို ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းမှုဖြစ်ပွားကြောင်း သိရသည်။

မျက်နှာမီးလောင်ဒဏ်ရာဖြင့် အမျိုးသမီးအလောင်းအား တွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်သပြေကျေးရွာ ဓာတ်ငွေ့ပိုက်လိုင်း မှတ်တိုင်အနီး လူသွားလမ်းဘေး၌ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီခွဲတွင် မျက်နှာမီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသမီး အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

တီဗွီပလတ်မှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ လွိုင်လင်အရှေ့အုပ်စု ဟိုခိုက်အမှတ်(၁) ကျေးရွာ၌ အောက်တိုဘာ ၁ ရက်မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တီဗွီပလတ်ခုံ အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

လမ်းလျှောက်လာသူထံမှ စိတ်ကြွဆေးပြား ၇၅၅ ပြားအား ဖမ်းဆီးရမိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်    လုံးတုံမြို့   မြနန္ဒာရပ်ကွက်၌ အောက်တိုဘာ ၁ ရက်တွင် ကွင်းဆက် တရားခံမှတစ်ဆင့် သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူထံမှ စိတ်ကြွဆေးပြား ၇၅၅ ပြား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိကြောင်း သိရသည်။

မံစီမြို့နယ်နှင့် ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၂

မိုင်းပန်မြို့၊ အနောက်ရပ်ကွက်၌ မူးယစ်ဆေးဝါးရောင်း/ ဝယ်သူများ ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၂ 

ထင်းမီးဖြင့်ဟင်းအိုးတည်ထားရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်း

လွိုင်ကော်၊ မီးလောင်မှု

ကယားပြည်နယ် လွိုင်ကော်မြို့နယ် မီးသတ်စခန်းနှင့် နှစ်မိုင်ခန့်အကွာ လောဓမ္မရပ်ကွက် မြန်မာ့ မီးရထားဝင်း၌ စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီ မိနစ် ၂၀တွင် ထင်းမီးဖြင့် ဟင်းအိုးတည် ထားရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

နင်းမိုင်းဟောင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်  စက်တင်ဘာ  ၃၀

ဝိုင်းမော်မြို့နယ်၊ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ  ၃၀