မှူခင်းသတင်း

လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေရန် ရည်ရွယ်ပြီး မဟုတ် မမှန်သတင်းများအား လုပ်ကြံဖန်တီးဖြန့်ချီသူအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၆

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရား ဉပဒေ စိုးမိုးရေးနှင့် အေးချမ်းစွာနေထိုင်လိုသော မိဘပြည်သူများ၏ အသက်အိုးအိမ် စည်း စိမ်လုံခြုံမှု ရှိစေရေးအတွက် နေ့/ညမပျက် ဆောင်ရွက်လျက်ရှိရာ အဖျက်အမှောင့် ဆောင်ရွက်လိုသူများက အဆိုပါ လှုပ်ရှားမှုများအပေါ် ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းများအား လုပ်ကြံဖန်တီး ထုတ်လွှင်ခြင်းများ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းရောင်းချခဲ့သည့် မော်တော်ဆိုင်ကယ်များ သိမ်းဆည်းရမိမှုနှင့် တရားမဝင် မော်တော်ယာဉ်များ သိမ်းဆည်းရမိမှု သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မေ ၂၆

နိုင်ငံတော်အတွင်း တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းလာသော တရားမဝင် မော်တော် ဆိုင်ကယ်များကို ရောင်းချလျက်ရှိသည့် အရောင်းဆိုင်/ အရောင်းပြခန်းများမှ တရားမဝင် အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူနိုင်ရေး အဓိကဦးတည်ပြီး ၂၀၂၁ ခုနှစ်၊ မေလ (ပထမပတ်) မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ တရားမဝင် အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ် (၉၈၇)စီး သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိ

နေပြည်တော်  မေ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မေလ ၂၂ ရက်နေ့က အဖျက်အမှောင့် လုပ်ငန်းလုပ်ဆောင်ရန်   လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား မသမာသူ လူတစ်စုက မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ မီးလောင်ပျက်စီးဆုံးရှုံး

နေပြည်တော်၊ မေ ၁၈

    ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား မသမာသူလူ တစ်စုက မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အတွင်းရှိ ပြည်သူ့ပိုင်ပစ္စည်း များအား ဝင်ရောက်ဖျက်ဆီးခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော်၊ မေ - ၁၈

စဉ့်ကိုင်မြို့နယ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြောင်းမဲ့ဝင်ရောက်  သတ်ဖြတ်၊ တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သူများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံ၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေ ၅ ရက်တွင် အကြမ်းဖက် သူများက အကြောင်းမဲ့ဝင်ရောက် အကြမ်းဖက် ရန်ပြုတိုက်ခိုက်မှူကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၁၈-၅-၂၀၂၁)

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၁၈-၅-၂၀၂၁)

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၈

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းလျက်ရှိရာ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာနေ မျိုးမြင့်(စိစစ်ဆဲ)၏ တောင်ယာတဲများအတွင်းမှ ၎င်း၏ သားဖြစ်သူ မျိုးလွင်ဦး (၃၁)နှစ် (ဘ)ဦးမျိုးမြင့်အား PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၂ လက်နှင့် အကြမ်းဖက်ရာတွင် အသုံးပြုသော အခြားဆက်စပ်ပစ္စည်းများနှင့် အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊  အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အား အကြမ်းဖက်သူများကမီးရှို့

နေပြည်တော်၊ မေ - ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းအား မေ ၁၇ ရက်ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။မီးလောင်မှုဖြစ်ပွားရာနေရာသို့  နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီး၊ ရေသယ် ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့်  ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့သည်။