မှူခင်းသတင်း

ဟင်္သာတမြို့နယ်၊ ဗြည့်ဇင်ကုန်းကျေးရွာ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်၌ လူစုခွဲဖြိုခွဲစဉ် ဆူပူအကြမ်းဖက်သူ ၃ ဦးနှင့် ဆူပူ အကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၈

နတ်မြစ်အတွင်း တရားမဝင် သစ်များ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၈

ရခိုင်ပြည်နယ်၊ နတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ သည် ဧပြီ ၇ ရက်တွင် မောင်တောမြို့၏ တောင်ဘက် ၅ မိုင်ခန့်အကွာ၌ အလျား ၅၅ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်ရှိ တရားမဝင်  သစ်ခိုးလှေ တစ်စီးပေါ်မှ အမျိုးသား ၅ ဦးအား ကညင်သစ်ခွဲသား ဆိုဒ်စုံ၁ဝ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ လှေနှင့်သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း   သတင်းရရှိသည်။                             

ဟိုပုံးမြို့နယ်၊ သာယာကုန်းကျေးရွာ အနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ  ၈

နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ   ၈

နောင်ချိုမြို့၊ နောင်ချိုတိုးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ နောင်ချိုတိုးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ် ဧပြီ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ ဘက်သို့အောင်လွင်ဦး(ဘ)ဦးငြိမ်းလွင် မောင်းနှင်ပြီး ရဲညွန့်(ဘ) ဦးအောင်ညွန့် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၆၀၀ ပြား၊ ဘိန်းဖြူ ၁၃၀ ဂရမ်ခန့်(စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်    ဧပြီ    ၇

အကြမ်းဖက် လက်နက်မျိုးစုံ ကိုင်ဆောင်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်း ဆောင်မှုကို တိုက်ခိုက်လာသည့် ဆူပူ အကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း

နေပြည်တော်၊ ဧပြီ - ၇

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်တွင် ဆူပူအကြမ်းဖက်သူများက ယနေ့ နံနက် ၅ နာရီခွဲခန့်မှစ၍ အတားအဆီးများဖြင့် လမ်းအား ပိတ်ဆို့ထားရှိကြောင်း သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများအား သွားရောက်ဖယ်ရှား ရှင်းလင်း ခဲ့သည်။

ပုလဲမြို့နယ်၊ ကြိုးကြာဥကျေးရွာနှင့်  ရွာထင်ကျေးရွာနေ ပြည်သူများအား ဆူပူ အကြမ်းဖက်သူများက မီးရှို့သတ်ဖြတ်

နေပြည်တော်၊ ဧပြီ - ၇

    စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ ကြိုးကြာဉကျေးရွာနေ ဦးမောင်နိုင်(ဘ) ဦးဘိုလေးနှင့် ရွာထင်ကျေးရွာနေ ဦးကျော်ဆန်းလင်း(ဘ)ဦးဖေတင့်နှင့် ဦးခင်မောင်ဆွေ (ဘ)ဦးဖေတင့် တို့အား ရွာထင်ကျေးရွာမှ ဆူပူ အကြမ်းဖက်သူများက ယနေ့တွင် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာ၌ ဒီမိုကရက်တစ် ပါတီ စည်းရုံးရေးမှူး မီးရှို့ သတ်ဖြတ်ခံရ

နေပြည်တော်၊ ဧပြီ ၇

    ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ လွန်တောင်း ကျေးရွာ၌ ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

အမေရိကန်စင်တာအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၇

  ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်းရှိ အမေရိကန်စင်တာအား မတ်လ ၂၇ ရက် နံနက် ၇ နာရီတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည့်အတွက် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အမေရိကန်စင်တာ အင်းယားလမ်း၊ လူဝင်ပေါက်လုံခြုံရေး အခန်းရှိ မှန်ချပ်တွင် ထိမှန်ရာ ၇ ချက် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိသည်။