မိုးလေဝသသတင်း

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

နေပြည်တော်   စက်တင်ဘာ     ၂၉

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်သည်။

(မိုး/ဇလ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လက်အောက်ရှိ ရေလှောင်များ၏ ရေမှုတ်များပေးပို့ခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လက်အောက်ရှိ ရေလှောင်များ၏ ရေမှုတ်များပေးပို့ခြင်း။

စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်

 

စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်

 

နေပြည်တော် စက်တင်ဘာ ၂၉

    ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခန့် ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။

မြန်မာ့ ပင်လယ်ပြင် အ‌ခြေအနေ

မြန်မာ့ ပင်လယ်ပြင် အ‌ခြေအနေ

နေပြည်တော်    စက်တင်ဘာ    ၂၉

လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့်ရှိနိုင်သည်။                                      

(မိုး/ဇလ)

မိုးပိုလာနိုင်

 

မိုးပိုလာနိုင်

နေပြည်တော်  စက်တင်ဘာ  ၂၉

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်သည်။ 

(မိုး/ဇလ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေပိုလွှဲမှ ရေကျော်နေသည့် တမံများ၏ အခြေအနေ (၂၈.၉.၂၀၂၄)ရက်နေ့(၀၆:၀၀)နာရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ရေပိုလွှဲမှ ရေကျော်နေသည့် တမံများ၏ အခြေအနေ (၂၈.၉.၂၀၂၄)ရက်နေ့(၀၆:၀၀)နာရီ

စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိ

 

စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိ

 

နေပြည်တော် စက်တင်ဘာ ၂၈

    ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်  နောက်တစ်ရက်အတွင်း  ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏    စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

အနောက်တောင်မုတ်သုံလေဆုတ်ခွာခဲ့ပြီးဖြစ်

အနောက်တောင်မုတ်သုံလေဆုတ်ခွာခဲ့ပြီးဖြစ်

နေပြည်တော် စက်တင်ဘာ ၂၈

“လွန်ခဲ့သော(၂၄)နာရီအတွင်းက  အနောက်တောင် မုတ်သုံလေသည်   ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ ဆုတ်ခွာခဲ့ပြီး ဖြစ်သည်။

(မိုး/ဇလ)