မိုးလေဝသသတင်း

နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်

 

နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်

 

နေပြည်တော်  စက်တင်ဘာ  ၂၄

    နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊   ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်နှင့်   ချင်းပြည်နယ်တို့တွင်    နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်

 

စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်

 

နေပြည်တော်     စက်တင်ဘာ     ၂၄

    ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်သို့ ၂ ပေကျော် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၄ လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

 

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

 

နေပြည်တော်  စက်တင်ဘာ  ၂၄

တောင်ငူမြို့၊ မဒေါက်မြို့နှင့် ပဲခူးမြို့တို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်

 

တောင်ငူမြို့၊ မဒေါက်မြို့နှင့် ပဲခူးမြို့တို့အတွင်းရှိ  မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်

 

နေပြည်တော်  စက်တင်ဘာ  ၂၃

မြန်မာ့ပင်လယ်ပြင် အခြေအနေ

 

မြန်မာ့ပင်လယ်ပြင် အခြေအနေ

 

နေပြည်တော်  စက်တင်ဘာ  ၂၃

    မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး  လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

(မိုး/ဇလ)

ဘင်္ဂလားပင်လယ်အော် အခြေအနေ

ဘင်္ဂလားပင်လယ်အော် အခြေအနေ

နေပြည်တော်   စက်တင်ဘာ   ၂၃

    ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။                                                   

အထူးမိုးလေဝသသတင်း

 

အထူးမိုးလေဝသသတင်း

 

နေပြည်တော်  စက်တင်ဘာ  ၂၃

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာလ ၂၃ ရက် ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်သည့် အထူးမိုးလေဝသ သတင်းအနေဖြင့် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော     လေဖိအားနည်း ဆဲလ်သည် ဆက်လက် တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

စစ်တောင်းမြစ်ရေကြီးမှု အခြေအနေ

 

စစ်တောင်းမြစ်ရေကြီးမှု အခြေအနေ

 

နေပြည်တော်     စက်တင်ဘာ     ၂၂

    ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၃ ပေခန့် ကျော်လွန်ရောက်ရှိနေသည်။

အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း  ၄  လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။

မိုးပိုနေမည်

မိုးပိုနေမည်

နေပြည်တော်     စက်တင်ဘာ    ၂၂

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်။

 (မိုး/ဇလ)