အားကစား

မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲကို ရန်ကုန်မြို့၌ ကျင်းပရန် လျာထား

ရန်ကုန်၊ ဘောလုံး

မြန်မာ ယူ-၁၆ အမျိုးသမီးဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့်  ၂၀၂၂  အာရှ ဖလား ယူ-၁၇ အမျိုးသမီး ပြိုင်ပွဲ  ပထမအဆင့် ခြေစစ်ပွဲအုပ်စုပွဲစဉ်များကို ရန်ကုန်မြို့၌ ကျင်းပရန်လျာထားကြောင်း မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

MFF ဦးဇော်ဇော် (၂၇) ကြိမ်မြောက် AFF Congress အစည်းအဝေးတက်ရောက်

ရန်ကုန်၊ အားကစား

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)သည် နိုဝင်ဘာ ၂၄ ရက်က (၂၇) ကြိမ်မြောက် AFF Congress အစည်း အဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။

ဟာလန်း ချန်ပီယံလိဂ်သွင်းဂိုး ၁၆ ဂိုးသွင်းနိုင်ခဲ့ပြီး ရော်နယ်ဒိုနှင့် ဇီဒန်းတို့ထက် ဂိုးပိုသွင်းနိုင်

အသက် ၂၀ သာရှိသေးသော နော်ဝေလက်ရွေးစင် လူငယ်တိုက်စစ်မှူး ဟာလန်းသည် နိုဝင်ဘာ ၂၄ ရက်ညက ကလပ်ဘရုဂျ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်၌ ဒေါ့မွန်အသင်း သုံးဂိုးပြတ် အနိုင်ရခဲ့ရာတွင် နှစ်ဂိုးသွင်းနိုင်ခဲ့သည့်အတွက် ငယ်ရွယ်လွန်းသောအချိန်မှာပင် ဂန္ထဝင်ကစားသမားကြီးများ ဖြစ်သော ရော်နယ်ဒို(ဘရာဇီး)နှင့် ဇီဒန်း(ပြင်သစ်)တို့၏ ချန်ပီယံလိဂ်

လောင်းကြေးရှုံး၍ ရီဂိုင်လွန်ကို မော်ရင်ဟို ဝက်ပေါင်ခြောက် ဝယ်ကျွေးခဲ့ရ

စပါးအသင်းသည် ပြီးခဲ့သည့်သီတင်းပတ်ကုန်က မန်စီးတီးကို ဆွန်ယောင်မင်နှင့်လိုဆဲလ်ဆိုတို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ်နိုင်ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်နောက်ပိုင်း ပွဲစဉ်သီတင်းတစ်ပတ် ကုန်ပြီးချိန် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။ ထိုပွဲအပြီးတွင် မော်ရင်ဟိုသည် ၎င်းင်း၏ အင်စတာဂရမ်၌ အသင်းခံစစ

အုပ်စုတက်ရန် တစ်မှတ်သာလိုသော်လည်း အာမခံချက်မရှိသေးဟု ဆိုးလ်ရှားပြော ဟက်ထရစ်ရမည့် ပယ်နယ်တီကို ရက်ရှ်ဖို့ဒ်အားပေးကန်သော ဖာနန်ဒက်စ်ကိုချီးကျူး

မန်ယူအသင်းသည် နိုဝင်ဘာ ၂၄ ရက်

အနိုင်ဂိုးသွင်းပြီး ချယ်လ်ဆီးကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့် တက်စေခဲ့သော ဂီရော့ဒ်မှာ လျှော့တွက်ခံရဆုံး ကစားသမားဟု ဂျိုးကိုးလ်ဖွင့်ဟ

ချယ်လ်ဆီးအသင်းသည် နိုဝင်ဘာ ၂၄ ရက်ညက ရင်းနက်စ်နှင့်ချန်ပီယံ လိဂ်ပွဲ၌ အိုဒွိုင်း၏ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ဂိုင်ရက်ဆီ၏ ချေပဂိုးကြောင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် တက်လှမ်းရန် မဖြစ်နိုင်သေးသည့်အနေအထား ရောက်သွားသော်လည်း  ပွဲချိန်နှောင်းပိုင်း၌  ချယ်လ်ဆီးနည်းပြလမ်းပတ်သည် ဝါရင့်တိုက်စစ်မှူး ဂီရော့ဒ်က

ပြီးခဲ့သည့်တစ်ပတ်တွင် ပရီးမီးယားလိဂ်၌ COVID-19 ရောဂါပိုးတွေ့သူ ရှစ်ဦးရှိ

နိုဝင်ဘာ ၂၃ ရက်က ပြီးခဲ့သည့်တစ်ပတ်အတွင်း ပရီးမီးယားလိဂ်ရှိ ကစားသမားများနှင့် သက်ဆိုင်ရာဝန်ထမ်း ၁၅၃၀ ဦးကို COVID-19 ရောဂါစစ်ဆေးထားမှု ရလဒ်အား ထုတ်ပြန်ခဲ့ရာ ရှစ်ဦးမှာ ပိုးကူးစက်ခံထားရပြီး ထိုထဲတွင် ပဲလေ့စ်တိုက်စစ်မှူး ဇာဟာလည်း ပါဝင်ခဲ့ကြောင်း  သိရသည်။

မိမိခွင့်ပြုချက်မပေးဘဲ အမည်နှင့်ပုံတူသုံးနေသည့် FIFA 21 ဂိမ်းကို စုံစမ်းရန် မိုဗစ်ချ်သတိပေး

မီလန် နိုဝင်ဘာ ၂၄

ပြီးခဲ့သည့်ရက်ပိုင်းက အသစ်ထွက်ရှိလာသော Sony ကုမ္ပဏီထုတ် PS5 ဂိမ်းခွေသစ်ကို အသင်းဖော်အားလုံး အား လက်ဆောင်ပေးခဲ့သည့် အေစီမီလန် တိုက်စစ်မှူး မိုဗစ်ချ်သည် နိုဝင်ဘာ ၂၃ ရက်ညက ၎င်း၏တွစ်တာ ၌ FIFA 21 ဘောလုံးဂိမ်းခွေတွင် မိမိနာမည်နှင့် ပုံတူအား အသုံးပြုထားရာ၌ မိမိခွင့်ပြုချက်ကို မတောင်းသော ကြောင့် စုံစမ်းအရေးယူရန် ရေးသားသတိပေးခဲ့သည်။

အဆိုပါဂိမ်းကို နှစ်စဉ်ထုတ်လုပ်ပြီး ယခုနောက်ဆုံးဂိမ်းကို EA Sports ကုမ္ပဏီက အောက်တိုဘာ ၅ ရက်က ထုတ်ဝေခဲ့ပြီးဖြစ်သည်။

AK Open 8 Ball ဖိတ်ခေါ်ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ဒုတိယဆုရရှိ

ရန်ကုန်၊ ဏသသူ

တရုတ်နိုင်ငံ၌ကျင်းပသည့် AK Open 8 Ball ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဏသသူ ကစားသမား ဘုန်းမြင့်ကျော် ဒုတိယဆုရရှိခဲ့ကြောင်း သိရသည်။

AK Club က ကြီးမှူးကျင်းပသည့် အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံ    ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်သတ်မှတ်ချက်အရ ဘုန်းမြင့်ကျော်သည် လက်ရည်စစ်ပွဲယှဉ်ပြိုင်ရခြင်းမရှိဘဲ ၃၂ ဦး ရှုံးထွက်အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။

ရှမ်းယူနိုက်တက်အသင်း ပြည်တွင်းကစားသမားအများစုကို စာချုပ်သက်တမ်းတိုးရန်စီစဉ်

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီကုန်တွင် စာချုပ် သက်တမ်းကုန်ဆုံးခဲ့သည့် ပြည်တွင်းကစားသမား အများစုကို သက်တမ်းတိုးရန် စီစဉ်ထားကြောင်း အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီကုန်တွင် အသင်း၏အဓိကကစားသမားများဖြစ်သည့် မျိုးမင်းလတ်၊ နန္ဒကျော်၊ ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ်တို့ အပါအဝင် ပြည်တွင်းကစားသမား ၁၁ ဦး စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။