အားကစား

အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ငွေတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူး

 

အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ငွေတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူး

 

ရန်ကုန်   ဩဂုတ်   ၁၁

    အင်ဒိုနီးရှားနိုင်ငံ ဘာတန်ကျွန်း၌ သြဂုတ်လ ၆ ရက်မှ ၁၂ ရက်ထိ ကျင်းပသည့် (၅၆)ကြိမ်မြောက် အာရှကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရရှိကြောင်း  သိရသည်။

(၅၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှစ်ခု ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိထား

 

(၅၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှစ်ခု ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိထား

 

ရန်ကုန်     ဩဂုတ်   ၁၀

ဘောလုံးလောကနှင့် တစ်နှစ်ကျော်ကြာ ဝေးကွာခဲ့ပြီးနောက် ဖီအိုရင်တီးနား အသင်းနှင့်အတူ ဂိုးသမားဒီဂီယာ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်

 

ဘောလုံးလောကနှင့် တစ်နှစ်ကျော်ကြာ ဝေးကွာခဲ့ပြီးနောက် ဖီအိုရင်တီးနား အသင်းနှင့်အတူ ဂိုးသမားဒီဂီယာ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်

 

ရောမ  ဩဂုတ်  ၁ဝ

    ဂိုးသမား  ဒီဂီယာသည်    ဘောလုံးလောကနှင့် တစ်နှစ်ကျော်ကြာ ဝေးကွာခဲ့ပြီးနောက်  ယခုအခါ အီတလီစီးရီးအေ ကလပ်  ဖီအိုရင်တီးနား အသင်းနှင့်အတူ ဘောလုံးလောကသို့  ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်အသင်းကို အနိုင်ရရှိပြီး စပိန်အသင်း ရွှေတံဆိပ်ဆွတ်ခူး

 

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်အသင်းကို အနိုင်ရရှိပြီး စပိန်အသင်း ရွှေတံဆိပ်ဆွတ်ခူး

 

ပဲရစ်   ဩဂုတ်  ၁၀

    ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ပါရီအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြင်သစ်အသင်းနှင့် စပိန်အသင်းတို့ ကစားခဲ့ရာ စပိန်အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ကွန်မြူနတီဒိုင်းလုပွဲတွင် မန်ယူအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး မန်စီးတီးအသင်း ဒိုင်းဆုဆွတ်ခူး

 

ကွန်မြူနတီဒိုင်းလုပွဲတွင် မန်ယူအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး မန်စီးတီးအသင်း ဒိုင်းဆုဆွတ်ခူး

 

မန်ချက်စတာ   ဩဂုတ်  ၁၀

    ကွန်မြူနတီဒိုင်းလုပွဲအဖြစ်    မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ ကစားခဲ့ရာ မန်စီးတီးအသင်းက  ပယ်နယ်တီအဆုံးအဖြတ်ဖြင့်   အနိုင်ရရှိခဲ့ပြီး  ဒိုင်းဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင်ဖလား အသက် ၂၀ နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက် ဘော်လီဘောပြိုင်ပွဲကျင်းပ

 

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင်ဖလား အသက် ၂၀ နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက် ဘော်လီဘောပြိုင်ပွဲကျင်းပ

 

ရန်ကုန်   ဩဂုတ်   ၁၀

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် သစ္စာအားမာန် အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့်  သစ္စာအားမာန် အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန်   ဩဂုတ်   ၁၀

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ   ရှမ်းယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက် အသင်းနှင့် သစ္စာအားမာန်အသင်းတို့  နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

ဘရာဇီးအမျိုးသမီးအသင်းက သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူး

 

ဘရာဇီးအမျိုးသမီးအသင်းက သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူး

 

    ဘရာဇီးအမျိုးသမီးအသင်းက  သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲတွင်   ကနေဒါ အမျိုးသမီးအသင်းကို အနိုင်ရပြီး   ရွှေတံဆိပ်ဆု ဆွတ်ခူးလိုက်နိုင်ကြောင်း  သိရသည်။

ဘရာဇီးအမျိုးသမီး အသင်းတွင် ကမ္ဘာ့အဆင့် ၁ ကစားသမားဖြစ်သည့် ပက်ထရစ်ရှာဆေဗာရာမို့နှင့် အက်ဒူယာဒါဆန်းတို့ လစ္စဘိုအာတို့ ပါဝင်ပြီး ခုနစ်ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ဖြင့် ပထမဆုကို ရရှိသွားခြင်းဖြစ်သည်။

၁၀၂ ကီလိုတန်းအလေးမပြိုင်ပွဲတွင် တရုတ်ကဗိုလ်စွဲ

 

၁၀၂ ကီလိုတန်းအလေးမပြိုင်ပွဲတွင် တရုတ်ကဗိုလ်စွဲ

 

    ဩဂုတ်လ ၁၀ ရက်တွင် ကျင်းပသော ၁၀၂ ကီလိုတန်း အလေးမပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ အလေးမ အားကစားသမား လျူဟွမ်းဟွာက အနိုင်ရဗိုလ်စွဲပြီး ရွှေတံဆိပ်ဆုကို ရရှိသွားကြောင်း သိရသည်။

အသက် ၂၂ နှစ်သာ ရှိသေးသည့်လျူဟွမ်းဟွာသည် ပထမတစ်နည်းတွင်  အလေးချိန် ၁၈၆ ကီလိုဂရမ်ကို လည်းကောင်း၊ ဒုတိယတစ်နည်းတွင် အလေးချိန် ၂၂၀ ကီလိုဂရမ်ကို လည်းကောင်း စုစုပေါင်း အလေးချိန် ၄၀၆ ကီလိုဂရမ်ကိုမပြီး ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံပေါ့အသင်းက မြ၀တီအက်ဖ်စီအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ

 

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံပေါ့အသင်းက မြ၀တီအက်ဖ်စီအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ

 

ရန်ကုန်   ဩဂုတ်   ၉

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)အဖြစ် ယနေ့ညနေ ၄  နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ဒဂုံပေါ့အသင်းနှင့်  မြ၀တီအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ  ဒဂုံပေါ့အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။