ကျန်းမာရေး

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ(၁၃၈)

မေး။     ။ ဆရာကြီးရှင့် သမီးအသက်က ၂၅ နှစ်ပါ။ အရပ်က ၅ ပေပါရှင့်။ သမီးပေါင်ချိန်က ၁၃၉ ပါရှင့်။ အသက်ရှူရကျပ်ပါတယ်။ တစ်ခါတစ်ခါ ညနေဘက် အစားလုံးဝရှောင်ပါတယ်ရှင့်။ သမီးပိန်ချင်လို့လမ်းညွှန် ပေးပါဦးဆရာကြီးရှင့်။

ဖြေ။      ။ သံပရာသီးတစ်လုံးအရည်နှင့် ပျားရည်ဟင်းစားဇွန်းတစ်ဇွန်းကို ရောစပ်ညအိပ်ရာဝင်သောက်ပါ။ ချင်းတက်ကိုပါးပါးလှီး ရေနွေးမတ်ခွက်နဲ့စိမ်ထား တဖြည်းဖြည်း တစ်နေကုန်သောက်ပါ။ သက်ရင်းကြီး ရွက်နု နှစ်ရွက် ထမင်းစားတိုင်း အတို့အမြှုပ်လုပ်စား ပါက ဝမ်းဗိုက်အဆီကျစေသည်။ လမ်းများများလျှောက်ပါ။ ခြေလေးချောင်းသား တတ်နိုင်သမျှရှောင်စားပါ။

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန်  ၃ဝ

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ကျင်းပရာ   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း  တက်ရောက်သည်။

COVID-19 ရောဂါပိုးတွေ့လူနာသစ်  ၁၅၈ဝ ဦး ထပ်တိုး

နေပြည်တော်  ဇွန်  ၃ဝ

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ်  ၁၅၈ဝ  ဦးနှင့်  သေဆုံးသူ ၁၄ ဦး ရှိကြောင်း သိရသည်။

(၂၉-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၃ဝ-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၉၂၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၅၈ဝ ဦးတွေ့ရှိရသည်။

ရိခေါဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ၁၁ ဦးထပ်မံတွေ့ရှိ

ချင်းပြည်နယ် ရိခေါဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူများအား RDT   Test  Kit ဖြင့် စစ်ဆေးခြင်းကို ဇွန် ၂၉ ရက်က ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၁ ဦး ထပ်မံတွေ့ရှိကြောင်း ရိခေါဒါရ်မြို့  ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ သိရသည်။

COVID-19 ရောဂါပိုးတွေ့လူနာသစ် ၁၃၁၂ ဦး ထပ်တိုး

ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ်  ၁၃၁၂  ဦးနှင့်  သေဆုံးသူ ၁၁ ဦးရှိကြောင်း သိရသည်။

(၂၈-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၉-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၂၃၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၃၁၂ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၂၆၄ဝ၂  ခုအား  စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း  ၁၅၅၆၉၇ ဦးရှိပြီဖြစ်သည်။

COVID-19 ရောဂါပိုးတွေ့လူနာသစ်  ၁၂၂၅ ဦးထပ်တိုး

နေပြည်တော်  ဇွန်  ၂၈

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19ရောဂါပိုးတွေ့ လူနာသစ်  ၁၂၂၅  ဦးနှင့်  သေဆုံးသူ ၁၂ ဦး ရှိကြောင်း သိရသည်။

(၂၇-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၈-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၅၈၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၂၂၅ ဦး တွေ့ရှိရသည်။

COVID-19  ရောဂါပိုးတွေ့လူနာသစ်  ၈ဝ၄ ဦး ထပ်တိုး

နေပြည်တော်  ဇွန်  ၂၇

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19    ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19     ရောဂါပိုးတွေ့ လူနာသစ်  ၈ဝ၄  ဦးနှင့်  သေဆုံးသူ ခုနစ်ဦး ရှိကြောင်း သိရသည်။

(၂၆-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၇-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၆၂၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19    ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၈ဝ၄ ဦး တွေ့ရှိရသည်။

ဂုံမင်းကို မိုးရာသီစာ ဆေးဖက်ဝင်ဟင်းလျာအဖြစ် စားသုံးစေလို

တစ်နှစ်တစ်ကြိမ် မိုးရာသီရောက်မှသာပေါ်တတ်တဲ့ ဂုံမင်းပင်အကြောင်းကို လူသိနည်းပါတယ်။ သို့သော် ဂုံမင်းပင်ကို စားဖူးတဲ့သူများကတော့ မိုးရာသီရောက် တဲ့အခါ ဈေးထဲရောက်ရင် ဂုံမင်းကိုရှာတတ်ကြပါတယ်။ ချို၍ အနည်းငယ်ပူသော ဂုံမင်းဟာ မဆိုသလောက် စူးရှရှရနံ့လေး ရှိပါတယ်။ ၎င်းင်းရနံ့နှင့် ပူတူတူအရသာ လေးက ဂုံမင်း၏ ဂုဏ်သတ္တိဖြစ်တာကြောင့်လည်း ဂုံမင်းကို ကြိုက်နှစ်သက်နေကြခြင်းဖြစ်ပြီး မိုးဥတုရောက်တိုင်း ဂုံမင်းကိုမျှော်ကြရပါတယ်။ ဂုံမင်းကို ရုက္ခဗေဒအမည်အရ Amomun Corynostachyum Wall လို့ခေါ်ပါတယ်။ ဂုံမင်းဟာ Zingiberaceae မျိုးရင်းဖြစ်ပြီး ပတဲကောကြီး၊ ပတဲကောလေး၊ နနွင်း၊ ဖာလာ၊ ငွေပန်းပင်၊ ကွမ်းစားဂမုန

COVID-19 ရောဂါပိုးတွေ့လူနာ ၅၄၆ ဦးထပ်တိုး

နေပြည်တော်  ဇွန်  ၁၉

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19  ရောဂါပိုးတွေ့ လူနာသစ် ၅၄၆ ဦးရှိပြီး သေဆုံးသူ ခုနစ်ဦးရှိကြောင်း သိရသည်။

(၁၈-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၉-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၈၄၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်  ၅၄၆  ဦး တွေ့ရှိရသည်။

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၂၂၅ ဦးထပ်တိုး

နေပြည်တော်  ဇွန်  ၁၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါ ပိုးတွေ့လူနာသစ် ၂၂၅ ဦးရှိကြောင်း သိရသည်။

(၁၄-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၅-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၁၉၉  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၂၅ ဦး တွေ့ရှိရသည်။