COVID-19 ရောဂါပိုးတွေ့လူနာ ၂၁၂ ဦး ထပ်တိုး
Submitted by mgmgtharlaydsitd on Sat, 06/05/2021 - 18:15နေပြည်တော် ဇွန် ၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၂၁၂ ဦးရှိကြောင်း သိရသည်။
(၃-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၄-၆-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၇၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၂၁၂ ဦး တွေ့ရှိရသည်။