ကျန်းမာရေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်လဲလှယ်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ (၁၇)ကြိမ်မြောက် ထွက်ခွာ

နေပြည်တော်၊ မေ - ၁၅

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အ အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ  ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံ ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ရန် အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ မေ - ၁၅

ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၅

ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၃၁ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၃၁ ဦးထပ်တိုး

နေပြည်တော် မေ ၁၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၃၁ ဦးရှိကြောင်း သိရ

သည်။

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအား Covid- 19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ မေ - ၁၃

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား Covid- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ထုတ်ပြန်ချက်အရ COVID-19  ရောဂါ ပိုးတွေ့လူနာ ၇ ဦး ထပ်တိုး

နေပြည်တော်  မေ  ၉

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ   ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19   ရောဂါပိုးတွေ့ လူနာသစ် ၇ ဦးရှိကြောင်း   သိရသည်။

(၈-၅-၂ဝ၂၁)ရက်  ည ၈ နာရီမှ (၉-၅-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၄၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19     ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၇ ဦးတွေ့ရှိရသည်။

COVID-19  ရောဂါပိုးတွေ့ လူနာ ၁၃ ဦး ထပ်တိုး

နေပြည်တော်  မေ  ၈

ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနက ယနေ့ည ၈ နာရီတွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19  ရောဂါပိုးတွေ့ လူနာသစ် ၁၃ ဦးရှိကြောင်း သိရသည်။

(၇-၅-၂ဝ၂၁)ရက်  ည ၈ နာရီမှ (၈-၅-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၇၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၃ ဦး တွေ့ရှိရသည်။

COVID-19 ရောဂါကုသရေး ဌာန(ဖောင်ကြီး)သို့ လှည့်လည်ကြည့်ရှု

နေပြည်တော်   မေ  ၈

မေ ၇ ရက် မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့်အဖွဲ့သည် COVID-19  ရောဂါ ကုသရေးဌာန   (ဖောင်ကြီး)သို့ရောက်ရှိခဲ့ပြီး COVID-19  လူနာများအား လက်ခံကုသပေး နေမှုအခြေအနေ၊ လူနာဆောင်သစ်များ ဆောက်လုပ်ပြီးစီးနေမှု အခြေအနေတို့ကို တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး ဆွေးနွေးသည်။

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံ ပြည်သူများအား Covid- 19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ မေ - ၆

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား Covid- 19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

လူတစ်ယောက် တစ်နေ့တာစားသင့်တဲ့ ဆားပမာဏ

 ဆားဟာ သူ့ချည်းပဲဆိုရင် အငန်အရသာသက်သက်ကိုသာရရှိစေပြီး တခြားအရာတွေနဲ့ ပေါင်းစပ်အသုံးပြု လိုက်ရင်တော့ ပြီးပြည့်စုံတဲ့ဟင်းတစ်ခွက်ကို ရရှိစေပါတယ်။ ဒါ့အပြင် ဆားကိုတခြားနေရာတွေမှာလည်း အကျိုးရှိစွာအသုံးပြုနိုင်ပါသေးတယ်။

ဒါပေမဲ့ အစားအစာတွေ၊ အဖျော်ရည်တွေထဲမှာ ဆားအလွန်အကျွံထည့်မိပြီဆိုရင်တော့ အဲဒီအစားအစာတွေ၊ အဖျော်ရည်တွေရဲ့မူလအရသာ ပျက်စီးသွားတဲ့အပြင် လူကိုလည်းဘေးဥပဒ်ဖြစ်စေပြန်ပါတယ်။