မိုးရာသီမှာသတိရှိပါ ဝမ်းပျက်ဝမ်းလျှောရောဂါ
Submitted by mgmgtharlaydsitd on Mon, 07/01/2024 - 12:50မိုးရာသီမှာသတိရှိပါ ဝမ်းပျက်ဝမ်းလျှောရောဂါ
ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရာသီမရွေးဖြစ်ပွား တတ်သောရောဂါဖြစ်သော်လည်း အထူးသဖြင့် မိုးရာသီတွင် ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။ အသက် အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ကလေးသူငယ်များ အတွက် အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။ ယင်းရောဂါသည် မြန်မာနိုင်ငံ၌ ဒုတိယအဖြစ် အများဆုံး ကလေးရောဂါတစ်ခုဖြစ်ကြောင်း World Health Organization Myanmar က ဇွန်လ ၁၇ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။