စီးပွားရေး

ပန်းတနော်မြို့နယ်၌ မွေးမြူရေး ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိဈေး ရရှိသဖြင့် မွေးမြူသူများ အဆင်ပြေ

ပန်းတနော်မြို့နယ်၌ မွေးမြူရေး ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိဈေး ရရှိသဖြင့် မွေးမြူသူများ အဆင်ပြေ

    ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့နယ်၌  မွေးမြူရေး ငါးတန်တစ်ပိဿာလျှင် ငွေကျပ်  ၇၅၀၀ အထိရရှိပြီး ယခင်လကထက်  ဈေးကောင်းရရှိသောကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် အဆင် ပြေလျက်ရှိကြောင်း   ပန်းတနော်မြို့နယ်   ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း မွေးမြူရေးတာဝန်ခံ   ဒေါ်သန်းသန်းဆင့်၏ ပြောကြားချက်အရ သိရသည်။

ကလိန်အောင်မြို့နယ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်း

ကလိန်အောင်မြို့နယ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်း

    တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင်   ကလိန်အောင်မြို့နယ်၌   ရာသီအလိုက်   သစ်သီးဝလံသီးနှံ မျိုးစုံစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ    မြေအောက်ရေဖြင့်  စိုက်ပျိုးထားသော  ကျောက်ဖရုံသီးများ  အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း ဒေသခံတောင်သူများ၏ ပြောဆိုချက်အရ သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၅၀၀ ကျော် ရရှိထား

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၅၀၀ ကျော် ရရှိထား

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၅၀၀ ကျော် ရရှိထား ကြောင်း   စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြိုနှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်း လက်လီဈေးနှုန်းများ

မန္တလေး သီရိမာလာ ကုန်စိမ်းဈေးတွင် ပြောင်းဖူး ပိဿာချိန် ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀ ဖြင့် ဈေးကောင်းရရှိ

မန္တလေး သီရိမာလာ ကုန်စိမ်းဈေးတွင် ပြောင်းဖူး ပိဿာချိန် ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀ ဖြင့် ဈေးကောင်းရရှိ

    မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ကမ်းနားလမ်းရှိ သီရိမာလာ ကုန်စိမ်းဈေးတွင် ဧရာဝတီမြစ်ရိုး တစ်လျှောက်မှ ထွက်ရှိသည့်ပြောင်းဖူး ပိဿာချိန် ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀ ဖြင့် ဈေးကောင်းရရှိနေကြောင်း  အဆိုပါဈေးအတွင်းရှိ “အောင်”ကုန်စိမ်းပွဲရုံ ပိုင်ရှင်ထံမှ သိရသည်။

ဖေဖော်ဝါရီလအတွင်း မအူပင်မြို့နယ်၌ ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀

ဖေဖော်ဝါရီလအတွင်း မအူပင်မြို့နယ်၌ ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀

အထိ ဈေးကောင်းရရှိ

    ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်၌    ဖေဖော်ဝါရီလအတွင်း   ငါးရှဉ့် တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ အထိ ဈေးကောင်းရရှိလာကြောင်း မအူပင်မြို့ နယ်ရှိ မျိုးမြန်မာငါးရှဉ့်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဦးမျိုးဇော်၏ပြောပြချက် အရ သိရသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့လမ်းပိုင်းတွင် ကုန်တင် မော်တော်ယာဉ်မောင်းများ တိုက်ရိုက် မောင်းနှင်ခွင့်ရရှိ

မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့လမ်းပိုင်းတွင် ကုန်တင် မော်တော်ယာဉ်မောင်းများ တိုက်ရိုက် မောင်းနှင်ခွင့်ရရှိ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ  မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့လမ်းပိုင်းတွင်    မောင်းနှင်လျက်ရှိသော ကုန်တင် မော်တော်ယာဉ်မောင်းများ အနေဖြင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်မောင်းနှင်ခွင့်  ရရှိပြီဖြစ်ကြောင်း   မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကလိန်အောင်မြို့၌ နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိ

ကလိန်အောင်မြို့၌ နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိ

    တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် ကလိန်အောင်မြို့၌  စိုက်ပျိုးရေးလုပ်ငန်းကို  အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါ နှမ်းစိုက်ခင်းများ  အောင်မြင်ဖြစ်ထွန်းပြီး  အဆင်ပြေလျက်ရှိကြောင်း  ကလိန်အောင်မြို့ရှိ  စိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရသည်။

ကလိန်အောင်မြို့၌  နှမ်းများကို မိုးအကုန် ဆောင်းအကူးတွင်   စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် တစ်ဧကကို မျိုးစေ့နှစ်ပြည့်ခန့် စိုက်ပျိုးလျက်ရှိသည်။

National Fish အဖြစ်သတ်မှတ်ရာတွင် ငါးမြင်းငါးကို မျိုးဆက် နှစ်ဆက်မြောက် အထိ သားဖောက်ထုတ်လုပ်မှု အောင်မြင်ရန် ၁၀ နှစ်တာ အချိန်ယူရမည်

National Fish အဖြစ်သတ်မှတ်ရာတွင် ငါးမြင်းငါးကို မျိုးဆက် နှစ်ဆက်မြောက် အထိ သားဖောက်ထုတ်လုပ်မှု အောင်မြင်ရန် ၁၀ နှစ်တာ အချိန်ယူရမည်

ရန်ကုန်  ဖေဖော်ဝါရီ  ၁၉

မြန်မာ့မျိုးရင်းငါးအဖြစ် မြန်မာ့ရေမြေတွင် တည်ရှိနေသည့် ငါးမြင်းငါးကို  National Fish အဖြစ် သတ်မှတ်နိုင်ရန်  ကြိုးပမ်းဖော်ဆောင်ရာ၌ Generation-2 မျိုးဆက် နှစ်ဆက်မြောက်အထိ    သားဖောက် ထုတ်လုပ်မှု အောင်မြင်ရန်   လိုအပ်ပြီး ၁၀ နှစ်တာသုတေသန ဆန်းစစ်မှုများပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်း လက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်း လက်လီဈေးနှုန်းများ