ဈေးကွက်ခိုင်မာမှုရှိသည့် ကြော်အာလူးကို တောင်သူများ အဓိကစိုက်ပျိုးလာ
ဈေးကွက်ခိုင်မာမှုရှိသည့် ကြော်အာလူးကို တောင်သူများ အဓိကစိုက်ပျိုးလာ
ကြော်အာလူး(အာလူးကြော်)သည် ရိုးရိုးအာလူး(ဟင်းချက်သည့်အာလူး) ဈေးကွက်နှင့် နှိုင်းယှဉ်ပါက ဈေးကွက်ပိုင်း ပိုမိုခိုင်မာမှုရှိသဖြင့် တောင်သူများ အဓိကစိုက်ပျိုးလာကြကြောင်း မကွေးတိုင်း ဒေသကြီးရှိ အာလူးစိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။