စီးပွားရေး

ကျောက်ပန်းတောင်းမြို့နယ်၌ ဧပြီလအတွင်း စိုက်ပျိုးခဲ့သော နှမ်းများ စတင်နုတ်သိမ်းလျက်ရှိရာ အထွက်နှုန်း ကောင်းမွန်

 

ကျောက်ပန်းတောင်းမြို့နယ်၌ ဧပြီလအတွင်း စိုက်ပျိုးခဲ့သော နှမ်းများ စတင်နုတ်သိမ်းလျက်ရှိရာ အထွက်နှုန်း ကောင်းမွန်

 

ကျောက်ပန်းတောင်း  ဇူလိုင်  ၂၈

      မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ဧပြီလအတွင်း တောင်သူများ စိုက်ပျိုးခဲ့ကြသော နှမ်း၊  မြေပဲနှင့် ပဲစင်းငုံများအနက် ဇူလိုင်လ ၂၈ ရက်တွင် ကြံစို့ကျေးရွာနှင့် အရှေ့အင်တိုင်း ကျေးရွာဝန်းကျင်တို့၌  နှမ်းများနုတ်သိမ်းလျက်ရှိရာ အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

မအူပင်မြို့နယ် စားသောက်ကုန်စျေးကွက်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက် လာသည့်ကြက်သွန်ဖြူများ အရောင်းအဝယ် ကောင်းမွန်နေ

 

မအူပင်မြို့နယ် စားသောက်ကုန်စျေးကွက်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက် လာသည့်ကြက်သွန်ဖြူများ အရောင်းအဝယ် ကောင်းမွန်နေ  

 

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် စားသောက်ကုန်စျေးကွက် တွင် ရှမ်းပြည်နယ်မှ  ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ     အရောင်းအဝယ် ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်စုလှိုင်၏ ပြောပြချက်အရ သိရသည်။

ဇူလိုင်လစတုတ္ထပတ်အတွင်း ငွေကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေငါးသောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့

 

 

ဇူလိုင်လစတုတ္ထပတ်အတွင်း ငွေကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေငါးသောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့

 

      ရန်ကုန်စတော့အိတ်ချိန်းတွင် ဇူလိုင်လ စတုတ္ထပတ်   တစ်ပတ်တာ ကာလအတွင်း ငွေကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ  စတော့ ရှယ်ယာအစောင်ရေ   ငါးသောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း     သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့

 

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့

 

      မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလ  ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း  ပြည်ပသို့ ပုစွန် မက်ထရစ်တန်   ၁၀၀၀  ကျော်   တင်ပို့နိုင် ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ   သိရ သည်။

ရန်ကုန်စျေးကွက်က ဝယ်လိုအားကောင်းလာခြင်းကြောင့် လပွတ္တာမြို့နယ်၌ ပင်လယ်ငါးခြောက်များ အရောင်းအဝယ် ကောင်းမွန်နေ

 

ရန်ကုန်စျေးကွက်က ဝယ်လိုအားကောင်းလာခြင်းကြောင့် လပွတ္တာမြို့နယ်၌ ပင်လယ်ငါးခြောက်များ အရောင်းအဝယ် ကောင်းမွန်နေ

 

     ရန်ကုန်စျေးကွက်က ဝယ်လိုအားကောင်း လာခြင်းကြောင့်  ဧရာဝတီတိုင်းဒေသကြီး    လပွတ္တာမြို့နယ်၌ ပင်လယ်ငါးခြောက်များ အရောင်းအဝယ် ကောင်းမွန်နေကြောင်း  လပွတ္တာမြို့နယ်မှ   ငါးခြောက်ရောင်းဝယ် ရေးပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ယဉ်အေး ၏ ပြောကြားချက်အရ သိရသည်။

ပွင့်ဖြူမြို့နယ်၌ နွေနှမ်းလှိုင်လှိုင်ပေါ်ချိန်တွင် စျေးကွက်အတွင်း ဂျပန်နှမ်းနက်များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

 

ပွင့်ဖြူမြို့နယ်၌ နွေနှမ်းလှိုင်လှိုင်ပေါ်ချိန်တွင် စျေးကွက်အတွင်း ဂျပန်နှမ်းနက်များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ  

 

      မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အတွင်း မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ လှိုင်လှိုင်ပေါ်ချိန် တွင်  စျေးကွက်အတွင်း ဂျပန်နှမ်းနက်များ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း   ပွင့်ဖြူမြို့နယ်မှ    ဒေသခံတောင်သူများ၏ ပြောပြချက်အရ   သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လ တစ်လတာ ကာလအတွင်း အထွက်နှုန်းကောင်းသည့် နှံကားစပါးတင်းရေ ၈၆၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့

 

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လ တစ်လတာ ကာလအတွင်း အထွက်နှုန်းကောင်းသည့် နှံကားစပါးတင်းရေ  ၈၆၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့

 

      ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လ တစ်လတာ ကာလအတွင်း အထွက်နှုန်း ကောင်းသည့် နှံကားစပါးတင်းရေ ၈၆၀၀၀ အထိ  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဦးဆန်းဆန်း၏ ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့နယ်၌ ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

လပွတ္တာမြို့နယ်၌ ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

      ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ နယ်၌ ငါးကွမ်းရှပ်ခြောက်များ ဝယ်လို အားများပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း  လပွတ္တာမြို့နယ်မှ    ငါး ခြောက်မျိုးစုံ    ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးအေး၏ ပြောပြချက် အရ သိရသည်။

ပိုင်ကျုံမြို့ရှိတောင်သူများ စျေးကွက်ဝင်သီးနှံအဖြစ် ဝဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ

 

ပိုင်ကျုံမြို့ရှိတောင်သူများ စျေးကွက်ဝင်သီးနှံအဖြစ် ဝဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ

 

      ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ၌  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပြင် တောင်သူများအနေဖြင့်     ဝဥစိုက်ပျိုးရေး လုပ်ငန်းကို     စျေးကွက်ဝင်သီးနှံအဖြစ် တစ်နိုင်တစ်ပိုင်  စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဝဥပင်များသည် သဘာဝအလျောက် ပေါက်ရောက်သော အပင်မျိုးဖြစ်ပြီး ယခုအခါ သဘာဝအပင်များ ရှားပါးလာသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိနိုင်ရန် အိမ် ခြံမြေဝင်းအတွင်း၌  သော် လည်းကောင်း၊ ဥယျာဉ်ခြံမြေများ၌ သော် လည်းကောင်း သီးညှပ်စိုက်ပျိုးကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ခြောက်သောင်းကျော် တင်ပို့နိုင်

 

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ခြောက်သောင်းကျော် တင်ပို့နိုင်

 

      ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် သုံးလတာ ကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ် တန်ခြောက်သောင်းကျော်   တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်အရသိရသည်။