မြင်းခြံမြို့နယ်၌ ကြက်သွန်နီအသစ် ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းသဖြင့် ကြက်သွန်နီစိုက် တောင်သူများ အရှုံးပေါ်
ယခုနှစ် ကြက်သွန်နီအသစ်ပေါ်ချိန်တွင် ပြည်ပတင်ပို့မှုမရှိခြင်းနှင့် ပြည်တွင်း အထွက်နှုန်း များပြားခြင်းတို့ကြောင့် မြင်းခြံ မြို့နယ်၌ ကြက်သွန်နီဈေးနှုန်း ကျဆင်းသဖြင့် ကြက်သွန်နီစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာအုပ်စုမှ ကြက်သွန်နီစိုက်တောင်သူ ဦးကျော်ဝင်း၏ ပြောပြချက်အရ သိရသည်။