ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ ထိုင်းနိုင်ငံမှ သစ်ခွများ ဝင်ရောက်ပြီး အရောင်းအဝယ် ကောင်းနေ
ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ ယခု ရက်ပိုင်းတွင် မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံမှ သစ်ခွများဝင်ရောက်ပြီး အရောင်းအဝယ် ကောင်းနေကြောင်း သီရိမင်္ဂလာဈေး တာဝန်ခံ ဦးအောင်လင်းဦး၏ ပြောဆိုချက် အရ သိရသည်။
''ထိုင်းနိုင်ငံကဝင်တဲ့ သစ်ခွတွေလည်း အရောင်းအဝယ် ကောင်းတယ်။ ပြည်တွင်းက စိုက်ပျိုးတဲ့ပန်းတွေလည်း အရောင်းအဝယ် ကောင်းပါတယ်''ဟု ဦးအောင်လင်းဦး ကပြောသည်။