စီးပွားရေး

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်း ဝါစိုက်ဧက လေးသိန်း လျာထားစိုက်ပျိုးမည်

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်း ဝါစိုက်ဧက လေးသိန်း လျာထားစိုက်ပျိုးမည်

နေပြည်တော် သြဂုတ် ၂၅

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကလေးသိန်း လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ဝါနှင့်လျှော်မျှင်သီးနှံ ဌာနခွဲမှ သိရသည်။

တရုတ်ဝယ်လက်များ စတင်ဝယ်ယူလာသောကြောင့်  နှမ်းနက်(စမုန်) ဈေးနှုန်း အနည်းငယ် မြင့်တက်လာ

တရုတ်ဝယ်လက်များ စတင်ဝယ်ယူလာသောကြောင့်  နှမ်းနက်(စမုန်) ဈေးနှုန်း အနည်းငယ် မြင့်တက်လာ

ပြည်တွင်းမှထွက်ရှိသည့် နှမ်းနက်(စမုန်)များကို တရုတ်ဝယ်လက်များ စတင်ဝယ်ယူလာသောကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း မန္တလေးတိုင်း ဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးညွန့်ဝေ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံသို့ နှမ်းနက်(စမုန်)တင်ပို့နိုင်ခြင်း မရှိသေးသော်လည်း   တရုတ်ဝယ်လက် တချို့မှ   စတင်ဝယ်ယူမှု ပြုလုပ်လာခြင်းဖြစ်သည်။

ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ထောပတ်သီး စိုက်ပျိုးသည့် ရင်းနှီးမြှုပ်နှံသူများ တိုးလာ

ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ထောပတ်သီး စိုက်ပျိုးသည့် ရင်းနှီးမြှုပ်နှံသူများ တိုးလာ

ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးနှင့်  ရှမ်းပြည်နယ်တို့၌   ထောပတ်သီး စိုက်ပျိုးသည့် ရင်းနှီးမြှုပ်နှံသူများ တိုးလာကာ ဒေသမျိုးနှင့် နိုင်ငံခြား ထောပတ်သီး မျိုးများ တိုးချဲ့စိုက်ပျိုးလာကြောင်း မြန်မာ နိုင်ငံ    ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း    ဒုတိယ ဥက္ကဋ္ဌ  ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။

ကောလင်းဒေသ၌ ငှက်ပျောအထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးနှုန်းကျဆင်း

ကောလင်းဒေသ၌ ငှက်ပျောအထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးနှုန်းကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး   ကောလင်းမြို့နယ် ဝါးသီးကုန်းကျေးရွာ၌ ငှက်ပျော အထွက်နှုန်း ကောင်းမွန်သော်လည်း လက်ရှိတွင် ဈေးနှုန်းကျဆင်းလျက် ရှိကြောင်း သိရသည်။

မုံရွာမြို့၌ ကြက်ဥဈေးနှုန်း ဈေးကောင်းရနေ

မုံရွာမြို့၌ ကြက်ဥဈေးနှုန်း ဈေးကောင်းရနေ

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင် မုံရွာမြို့တွင် ကြက်ဥဈေးနှုန်း ဈေးကောင်းရနေကြောင်း မုံရွာမြို့ ကြက်မွေးမြူရေးဇုန် ဥက္ကဋ္ဌ ဦးညွန့်ရွှေထံမှ သိရသည်။

ကြက်ဥဈေးနှုန်းသည်  ပြီးခဲ့သည့် လပိုင်းက    ကြက်ဥတစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝ ဈေးရှိပြီး  ယခုလက်ရှိ ကာလမှာ ကြက်ဥတစ်ပိဿာလျှင် ငွေကျပ် ၄၁ဝဝ ဈေးအထိ မြင့်တက်လာခြင်း ဖြစ်သည်။

ဈေးကွက်အတွင်း သကြားလက်ကျန် နည်းပါးလာခြင်းကြောင့် သကြားဈေးနှုန်း မြင့်တက်နေ

ဈေးကွက်အတွင်း သကြားလက်ကျန် နည်းပါးလာခြင်းကြောင့် သကြားဈေးနှုန်း မြင့်တက်နေ

ပြည်တွင်းဈေးကွက်အတွင်း   သကြားလက်ကျန် နည်းပါးလာခြင်းကြောင့် သကြားဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သကြားလုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ  သိရသည်။

ပြည်တွင်းသကြားဈေးနှုန်းမှာ  သြဂုတ်  ပထမပတ်အထိ တစ်ပိဿာလျှင် ငွေကျပ် ၁၃ဝဝ ခန့်သာရှိခဲ့ရာမှ  ယခုအခါ  တစ် ပိဿာလျှင် ငွေကျပ် ၁၅ဝဝ အထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို (၄)ကြိမ်မြောက် ထုတ်ရောင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို (၄)ကြိမ်မြောက် ထုတ်ရောင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သြဂုတ် ၉ ရက်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို (၄)ကြိမ်မြောက် ထုတ်ရောင်းရာ လေလံအတွက်   ပျမ်းမျှငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၆၄၆   ကျပ်   သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဆေးဖျန်းကိရိယာ တွဲဖက်အသုံးပြုနည်း တောင်သူပညာပေး လက်တွေ့သရုပ်ပြသ

ပွင့်ဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဆေးဖျန်းကိရိယာ တွဲဖက်အသုံးပြုနည်း တောင်သူပညာပေး လက်တွေ့သရုပ်ပြသ

ပွင့်ဖြူ၊  စိုက်ပျိုးရေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခရိုင်၌ ဆောင်းသီးနှံနှင့်နွေသီးနှံစိုက်ပျိုးရာသီတွင် စံပြကွက်နှင့်စမ်းသပ်ကွက်ဧက ၂၀၀ ကျော်စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခရိုင်၌ ဆောင်းသီးနှံနှင့်နွေသီးနှံစိုက်ပျိုးရာသီတွင် စံပြကွက်နှင့်စမ်းသပ်ကွက်ဧက ၂၀၀ ကျော်စိုက်ပျိုးနိုင်

စစ်ကိုင်း၊ စိုက်ပျိုးရေး

ပြည်တွင်း ငရုတ်ဈေးကွက်အတွင်း ငရုတ်စိုဈေးနှုန်း ကျဆင်းနေသော်လည်း ငရုတ်ခြောက်ဈေးနှုန်း မြင့်တက်

ပြည်တွင်းငရုတ် ဈေးကွက်အတွင်း ပြည်ပဝယ်လိုအား   ကျဆင်းနေသောကြောင့် ငရုတ်စိုဈေးနှုန်း ကျဆင်းနေသော်လည်း ငရုတ်ခြောက်ဈေးနှုန်း  မြင့်တက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်မှ ငရုတ်စိုက်ပျိုး ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ၆၉၂ အမျိုးအစား ငရုတ်စိုတစ်ပိဿာလျှင်   ငွေကျပ် ၁၁ဝဝ မှ ၁၂ဝဝ ဝန်းကျင် ဈေးနှုန်းရှိကြောင်း သိရသည်။