စီးပွားရေး

ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ အဝင်ပုံမှန်ရှိနေပြီး ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေ

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ အဝင်ပုံမှန်ရှိနေပြီး ဈေးကွက်အတွင်း  အရောင်းအဝယ်အေးနေကြောင်း  ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ဇွန် ၇ ရက်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်စုံမှ ကြက်သွန်နီကား အစီးရေ ၃ဝ ဝင်ရောက်ပြီး ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂ဝဝ မှ ၃၇၅ ကျပ်အထိ ဈေးနှုန်း ရှိကြောင်း သိရသည်။

ဝက်သားနှင့်ငါးတို့တွင် ရောဂါပိုးတွေ့ရှိသည်ဟု ဆိုသောကြောင့် ရောင်းအား ကျဆင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ဈေးအသီးသီးရှိ ဝက်သားအရောင်းဆိုင်များနှင့် ငါးအရောင်းဆိုင်များမှ ရောင်းချလျက်ရှိသော ဝက်သားနှင့်ငါးများတွင် ရောဂါပိုးတွေ့ရှိသည်ဟု ဆိုသောကြောင့် ဝယ်ယူစားသုံးမှုလျော့နည်းသွားကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ အလှဆောင်း ဝါးခမောက်များ ရောင်းအားကောင်းနေ

ပဲခူးတိုင်းဒေသကြီး  ကျောက်ကြီးမြို့နယ်၌  ယခုနှစ်မိုးရာသီတွင်  အိမ်တွင်း လက်မှုလုပ်ငန်းဖြစ်သော  အလှဆောင်း ဝါးခမောက်များ ရောင်းအားကောင်းနေပြီး ဈေးကောင်း ရရှိကြောင်း သိရသည်။

သို့ရာတွင်    ဝါးခမောက်ပြုလုပ်ရာ၌ အဓိက အသုံးပြုရသော   ကုန်ကြမ်းပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီတွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ ရှင်သီဝလိခြေတော်ရာ စေတီ၊ စပ်လဲရေတံခွန် စသည့်အထင်ကရနေရာများသို့ ခရီးသွားများ လာရောက် လည်ပတ်ကြပြီး အလှဆောင်း ဝါးခမောက်များ ဝယ်ယူကြသဖြင့် ရောင်းအားကောင်းလေ့ရှိသည်။

ကြာအင်းဆိပ်ကြီး မြို့နယ်၌ သံပရာသီး ဈေးနှုန်း ကျဆင်းလျက်ရှိ

ကရင်ပြည်နယ်   ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌  သံပရာပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်သံပရာသီး များစွာထွက်ရှိကာ နွေရာသီကာလတွင်  သံပရာသီး ဈေးနှုန်းကောင်းစွာ ရရှိသော်လည်း     ယခုအခါ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

ယခင်နှစ်များက သံပရာသီးဈေးနှုန်းမှာ သံပရာသီးတစ်လုံးလျှင် ငွေကျပ် ၇ဝ မှ ၁ဝဝ အထိရရှိပြီး ယခုနှစ်တွင် သံပရာသီးတစ်လုံး ငွေ  ၅ဝ ကျပ်ခန့်သာရရှိ၍ ဈေးနှုန်းကျဆင်းမှုကြောင့်   သံပရာခြံ စိုက်ပျိုးတောင်သူများ အနေဖြင့်  ခူးဆွတ်ရောင်းချမှု နည်းပါးလာသည်။

လားရှိုးမြို့၌ ခရမ်းချဉ်သီးဈေး ထက်ဝက်နီးပါး ဈေးမြင့်တက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး များ   ယခုရက်ပိုင်းတွင် ဈေးထက်ဝက်နီးပါး မြင့်တက်လာကြောင်း အရောင်းအဝယ် လုပ်ကိုင်သူများထံမှသိရသည်။

COVID-19 ရောဂါကာလအတွင်း မိသားစုအပိုဝင်ငွေ ရရှိစေရေး ပင်ထောင်ခရမ်းချဉ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလာ

COVID-19 ရောဂါကာလအတွင်း   စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်၌ မိသားစု အပိုဝင်ငွေရရှိစေရေး ပင်ထောင်ခရမ်းချဉ်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူ  များလာကြောင်း သိရသည်။

အဆိုပါဒေသ၌  ပင်ထောင်ခရမ်းချဉ် စိုက်ပျိုးသူများသည်  နှစ်စဉ် ခရမ်းချဉ်သီးများ ခူးဆွတ်ချိန်မှစ၍ နေ့စဉ်ရောင်းချရသဖြင့်  မိသားစု စားဝတ်နေရေးအတွက် အပိုဝင်ငွေ ရရှိသောကြောင့်   ယခုကဲ့သို့ ပင်ထောင်ခရမ်းချဉ်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလာခြင်းဖြစ်သည်။

မြင်းခြံမြို့နယ်၌ ကြက်သွန်နီအသစ် ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းသဖြင့် ကြက်သွန်နီစိုက် တောင်သူများ အရှုံးပေါ်

ယခုနှစ် ကြက်သွန်နီအသစ်ပေါ်ချိန်တွင် ပြည်ပတင်ပို့မှုမရှိခြင်းနှင့် ပြည်တွင်း အထွက်နှုန်း များပြားခြင်းတို့ကြောင့် မြင်းခြံ မြို့နယ်၌   ကြက်သွန်နီဈေးနှုန်း ကျဆင်းသဖြင့် ကြက်သွန်နီစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာအုပ်စုမှ ကြက်သွန်နီစိုက်တောင်သူ ဦးကျော်ဝင်း၏ ပြောပြချက်အရ သိရသည်။

အိန္ဒိယနိုင်ငံမှ ပဲအဝယ်ကို ယခုလမှစ၍ အောက်တိုဘာလအထိ ခွင့်ပြုပေးလိုက်သဖြင့်  ပြည်တွင်းပဲသုံးမျိုး ဈေးကွက်မတည်မငြိမ် ဖြစ်နေ

အိန္ဒိယနိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်ရေးမူဝါဒများ ပြောင်းလဲမှုကြောင့် ပြည်တွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံအဝယ်ကို မေ ၁၅ ရက်မှစ၍ အောက်တိုဘာလအထိ   လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပေးလိုက်သဖြင့် မန္တလေး ပဲဈေးကွက်တွင်     မတည်မငြိမ်ဖြစ်နေကြောင်း မန္တလေး ပဲဈေးကွက်မှ သိရသည်။

လားရှိုးမြို့၌ ဆန်ဈေးတည်ငြိမ်ပြီး အရောင်းအဝယ်အေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆန်ဈေးတည်ငြိမ်ပြီး အရောင်းအဝယ် အေးနေကြောင်း လားရှိုးမြို့ မြို့မဈေးကြီး၌ ဆန်အရောင်းအဝယ် လုပ်ကိုင်သူ ရွှေဆင်ဆန်ဆိုင်ပိုင်ရှင် ဦးညွန့်လွင်ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်အားလုံးနီးပါး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အရောင်းအဝယ် ပြုလုပ်နေ

ရန်ကုန်မြို့ရှိ ရွှေဆိုင်အားလုံးနီးပါး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍  အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောဆိုချက်အရ သိရသည်။

COVID-19 ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားသည့် ရွှေဆိုင်များမှာ ယခုနောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ရွှေဆိုင် အားလုံးနီးပါး    ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်သည်။