စီးပွားရေး

အထည်ချုပ် လုပ်ငန်းများ ကုန်ကြမ်းမျှ၍ ချုပ်လုပ်နေရပြီး အော်ဒါရရှိမှုလည်း တိုးတက်ခြင်း မရှိသေး

လက်ရှိတွင် ပြည်တွင်းအထည်ချုပ် လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းမျှ၍ ချုပ်လုပ်နေရပြီး ယခုလအတွက်သာ ချုပ်လုပ်ရန် အော်ဒါရှိနေကာ လာမည့်လအတွက် အော်ဒါရရှိမှု မရှိသေးကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးထွန်းထွန်း ၏ပြောဆိုချက် အရ သိရသည်။

''လက်ရှိအချိန်ထိတော့  ကျွန်တော်တို့ စက်ရုံအချင်းချင်း ကုန်ကြမ်းမျှပြီး ချုပ်နေကြတယ်။  အခုလိုမျှပြီး လုပ်ကိုင်နေရတဲ့ အတိုင်းအတာ ကုန်သွားရင်တော့ ဘယ်လိုဆက်ဖြစ်မလဲ မပြောတတ်သေးဘူး။ အခုအချိန်ထိတော့ အော်ဒါရရှိမှု တိုးတက်လာတာ မရှိသေးဘူး'' ဟု ဦးထွန်းထွန်း ကပြောသည်။

တရားဝင်ကုမ္ပဏီ လိုင်စင်နှင့် ကိုယ်ပိုင် ဝက်ဘ်ဆိုက်ရှိသူများကိုသာ Online Shop လုပ်ကိုင်ခွင့်ပြုမည်

မြန်မာနိုင်ငံအတွင်း တရားဝင် ကုမ္ပဏီ လိုင်စင်နှင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက် ရှိသူများကိုသာ Online Shop လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန  ကုန်သွယ်ရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်  ဦးမင်းမင်း ၏ပြောကြားချက်အရ သိရသည်။

အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သုံးခုခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၃/၂ဝ၂ဝ) ကြိမ်မြောက် အစည်းအဝေးကို  သြဂုတ် ၁၂ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ  ယင်းအစည်းအဝေးတွင်  အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့်   မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို   အတည်ပြုပေးခဲ့ကြောင်း  ရန်ကုန်တိုင်းဒေသကြီး  ရင်းနှီး မြှုပ်နှံမှု ကော်မတီမှ သိရသည်။

ခရမ်းချဉ်သီး စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေ

ယခုသြဂုတ်လအတွင်း ခရမ်းချဉ်သီး ဈေးနှုန်း ပြန်လည် ကောင်းမွန်လာသဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားဒေသ၌ ခရမ်းချဉ်သီး စိုက်ပျိုးသည့် တောင်သူများ ပြန်လည် အဆင်ပြေလာကြောင်း သိရသည်။

''အခု သြဂုတ်လ ပထမပတ်မှာတော့ တစ်ပိဿာငွေကျပ် ၁၅ဝဝ၊ မနေ့ကဆို ငွေကျပ်၁၃ဝဝ နဲ့ရောင်းရတယ်။  ခရမ်းချဉ်သီးအမှည့်တွေပေါ့။ အောင်ပန်းကုန်စိမ်းပွဲရုံမှာ ရောင်းတဲ့ဈေးပါ။ ခရမ်းချဉ်သီးစိုက်ပျိုးတဲ့ တောင်သူတွေနားမှာတော့ ငွေကျပ် ၈၅ဝ၊ ၉ဝဝ နဲ့ဝယ်တယ်။

ပြည်ပလိုအပ်ချက်အတိုင်း တောင်သူများ စုပေါင်းစိုက်ပျိုး ရောင်းချသည့်စနစ်ဖြင့် တင်ပို့နိုင်မည့် ထောပတ်သီးဧက ၇ဝဝ ကျော် စတင်စိုက်ပျိုး

ပြည်ပလိုအပ်ချက်အတိုင်း တောင်သူများ စုပေါင်းစိုက်ပျိုး ရောင်းချသည့်စနစ်ဖြင့် တင်ပို့နိုင်မည့် ထောပတ်သီးဧက ၇ဝဝ ကျော်ကို    ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌  စတင်စိုက်ပျိုးလျက် ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း  ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့် ၏ပြောပြချက်အရ သိရသည်။

ယင်းသို့စုပေါင်းစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် သွင်းအားစုများကို  တစုတလုံးတည်း ဝယ်ယူနိုင်သည့်အပြင် ပြည်ပသို့တင်ပို့ရန်  ပိုမိုလွယ်ကူနိုင်မည် ဖြစ်သောကြောင့် စံပြအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

နာနတ်သီးအထွက်နှုန်း ကျသော်လည်း ဈေးနှုန်း အသင့်အတင့် ရှိနေ၍ နာနတ်စိုက်တောင်သူများ အဆင်ပြေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန့်ဗွီးကျေးရွာအုပ်စု ကျောင်းချယ်ကျေးရွာ၌ စိုက်ပျိုးထားသော နာနတ်သီးများ အထွက်နှုန်းကျသော်လည်း    ဈေးနှုန်းအသင့်အတင့် ရှိနေ၍ နာနတ်စိုက်တောင်သူများ အဆင်ပြေလျက် ရှိကြောင်း ဒေသခံ နာနတ်သီးစိုက် တောင်သူများထံမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလျက်ရှိရာ ပြောင်း၊ နာနတ်သီး၊ ကြက်သွန်ဖြူ၊ ဖရဲသီး၊ သခွားမွှေးစသည့် ကောက်ပဲသီးနှံ အမျိုးမျိုးကို စိုက်ပျိုးကြပြီး နာနတ်ပင်စိုက် တောင်သူများက ဝင်ငွေ အသင့်အတင့်ရရှိနေကြသည်။

မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် ပံ့ပိုး ကူညီမည်

မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် ပံ့ပိုးကူညီမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများမှ ငါး ပုစွန် မှာယူမှုမြင့်တက်နေသော်လည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း တင်ပို့မှု၌ အခက်အခဲများ ရှိနေ

ပြည်ပနိုင်ငံများမှ  ငါး၊  ပုစွန်မှာယူမှု မြင့်တက်နေသော်လည်း တင်ပို့မှု၌ အခက်အခဲများ ရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင်   COVID-19    ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သောကြောင့် ပြည်ပနိုင်ငံများ၌ ကန့်သတ်ချက်များ ရှိနေသည့်အတွက် တင်ပို့မှု၌ အခက်အခဲများ ရှိနေခြင်းဖြစ်သည်။ ဇွန်၊ ဇူလိုင်နှင့်  သြဂုတ်လတို့တွင် ငါးသားပေါက်ချိန် ဖြစ်သည့်အတွက်  ပင်လယ်ပြင်၌  ငါးဖမ်းခွင့်ပိတ်ထားခြင်းကြောင့် ပြည်ပနိုင်ငံများသို့ ပင်လယ်ငါးတင်ပို့မှု နည်းပါးသွားသည်။

ညောင်ဦးမြို့နယ်၌ စိုက်ပျိုးထားသော ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုမှ တောင်သူများ စိုက်ပျိုးထားသော ပြောင်းဖူးများ ယခုလလှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းနေကြောင်း သိရသည်။

အိုးလုပ်ငန်း လုပ်ကိုင်သူများ အရောင်းအဝယ် မရှိ၍ စားဝတ်နေရေး အခက်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့၌ အိုးလုပ်ငန်း လုပ်ကိုင်သူများ  ယခုကာလအတွင်းအရောင်းအဝယ် မရှိ၍  စားဝတ်နေရေး အခက်တွေ့နေကြောင်း အဆိုပါ အိုးလုပ်ကိုင်သူများထံမှ သိရသည်။

''လက်ရှိမှာ အိုးကအရောင်းအဝယ် အေးနေတာ။ အခု ဝယ်မယ့်သူ မရှိတော့ ပွဲစားကလည်း မသိမ်းတော့ဘူး။ လက်ရှိ လုပ်နေတဲ့အိုးတွေကို လှောင်ထားတာ။

လက်လီလက်ကား အနည်းအကျဉ်းဝယ်တဲ့သူတွေ ရောင်းရတာပေါ့။ အဆင်တော့ မပြေဘူး။ ဒါတစ်ခုပဲ လုပ်နေရတဲ့သူတွေဆိုတော့  ဝင်ငွေမရှိတော့   စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်''ဟု  တန့်ဆည်မြို့နယ်မှ အိုးလုပ်ငန်း လုပ်ကိုင်သူ မတင်တင်စိုးက ပြောသည်။