စီးပွားရေး

လပွတ္တာမြို့နယ်၌ ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

လပွတ္တာမြို့နယ်၌ ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

      ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ နယ်၌ ငါးကွမ်းရှပ်ခြောက်များ ဝယ်လို အားများပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း  လပွတ္တာမြို့နယ်မှ    ငါး ခြောက်မျိုးစုံ    ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးအေး၏ ပြောပြချက် အရ သိရသည်။

ပိုင်ကျုံမြို့ရှိတောင်သူများ စျေးကွက်ဝင်သီးနှံအဖြစ် ဝဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ

 

ပိုင်ကျုံမြို့ရှိတောင်သူများ စျေးကွက်ဝင်သီးနှံအဖြစ် ဝဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ

 

      ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ၌  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပြင် တောင်သူများအနေဖြင့်     ဝဥစိုက်ပျိုးရေး လုပ်ငန်းကို     စျေးကွက်ဝင်သီးနှံအဖြစ် တစ်နိုင်တစ်ပိုင်  စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဝဥပင်များသည် သဘာဝအလျောက် ပေါက်ရောက်သော အပင်မျိုးဖြစ်ပြီး ယခုအခါ သဘာဝအပင်များ ရှားပါးလာသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိနိုင်ရန် အိမ် ခြံမြေဝင်းအတွင်း၌  သော် လည်းကောင်း၊ ဥယျာဉ်ခြံမြေများ၌ သော် လည်းကောင်း သီးညှပ်စိုက်ပျိုးကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ခြောက်သောင်းကျော် တင်ပို့နိုင်

 

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ခြောက်သောင်းကျော် တင်ပို့နိုင်

 

      ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် သုံးလတာ ကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ် တန်ခြောက်သောင်းကျော်   တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်အရသိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လအတွင်း ကဏန်းပျော့ပိဿာချိန်  ၈၇၀၀၀ အထိ တင်ပို့ရောင်းချနိုင်

 

ဖျာပုံမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လအတွင်း ကဏန်းပျော့ပိဿာချိန်  ၈၇၀၀၀ အထိ တင်ပို့ရောင်းချနိုင်

 

    ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် မှ ရန်ကုန်စျေးကွက်သို့ ဇွန်လအတွင်း ကဏန်းပျော့ ပိဿာချိန်   ၈၇၀၀၀  အထိ  တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စုခိုင်၏ ပြောပြချက် အရ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လအတွင်း ပင်လယ်ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင်

 

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လအတွင်း ပင်လယ်ငါးခြောက်မျိုးစုံ ပိဿာချိန်   ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင် 

 

ကျိုက်လတ်  ဇူလိုင်  ၁၀

    ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ   ရန်ကုန်စျေးကွက်သို့   ဇွန်လအတွင်း ပင်လယ်ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်၌ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သက်မာထံမှ သိရသည်။

လပွတ္တာမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများ ရန်ကုန်စျေးကွက်အတွင်း ဝယ်လိုအား ကောင်းလျက်ရှိ    

 

လပွတ္တာမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများ ရန်ကုန်စျေးကွက်အတွင်း ဝယ်လိုအား ကောင်းလျက်ရှိ    

 

    ဧရာဝတီတိုင်းဒေသကြီး    လပွတ္တာမြို့နယ်မှ  ရန်ကုန်စျေးကွက်သို့   ဇွန်လအတွင်း  မျှင်ငါးပိ  ပိဿာချိန် ၈၅၀၀၀  အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒေသထွက်မျှင်ငါးပိများ စျေးကွက်အတွင်း ဝယ်လိုအားကောင်းလျက်ရှိကြောင်း ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေးလုပ်ငန်း     လုပ်ကိုင်သူ ဒေါ်ဝင်းမော်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စက်ရုံများအား ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စက်ရုံများအား ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဒီဇင်ဘာ  ၉

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ၌ ပြည်ပနိုင်ငံများ၏ အော်ဒါအသစ်များ လက်ခံဆောင်ရွက်လျက်ရှိ

 

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ၌ ပြည်ပနိုင်ငံများ၏ အော်ဒါအသစ်များ လက်ခံဆောင်ရွက်လျက်ရှိ

 

    ပြည်တွင်းရှိ   အထည်ချုပ်စက်ရုံများ ၌     ပြည်ပနိုင်ငံများ၏ အော်ဒါအသစ်များ  လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ  အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်းသုံးစွဲရန် လိုအပ်သော စက်သုံးဆီများ အလုံအလောက်ရှိကြောင်းနှင့် ကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်

 

ပြည်တွင်းသုံးစွဲရန် လိုအပ်သော စက်သုံးဆီများ အလုံအလောက်ရှိကြောင်းနှင့် ကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်

 

နေပြည်တော်  ဒီဇင်ဘာ   ၆

မွန်ပြည်နယ်ဒေသထွက် ဆားကြမ်း တန် ၆၀၀ ကျော် တင်ပို့ရန် ပြည်ပနိုင်ငံများမှ ကမ်းလှမ်းထားပြီး ပို့ကုန်လိုင်စင် ပြုလုပ်နေ

 

 

မွန်ပြည်နယ်ဒေသထွက် ဆားကြမ်း တန် ၆၀၀ ကျော် တင်ပို့ရန် ပြည်ပနိုင်ငံများမှ ကမ်းလှမ်းထားပြီး ပို့ကုန်လိုင်စင် ပြုလုပ်နေ

 

မော်လမြိုင်  ဒီဇင်ဘာ  ၂

    မွန်ပြည်နယ်ဒေသထွက်  ဆားကြမ်း တန် ၆၀၀ ကျော်တင်ပို့ရန် ပြည်ပနိုင်ငံများမှ ကမ်းလှမ်းထားပြီး   လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသို့ တန် ၄၀ တင်ပို့နိုင်ရန်  ပို့ကုန်လိုင်စင်ပြုလုပ်နေကြောင်း သတ္တုတွင်းဦးစီးဌာန   မွန်ပြည်နယ် ဆားလုပ်ငန်းဌာနခွဲ ဦးစီးမှူး ဦးခင်ဝင်း၏ ပြောပြချက်အရ သိရသည်။