အယ်ဒီတာ့အာဘော်

ကိုယ်စီအသိ ရင်ဝယ်ရှိ သင်၏ကျန်းမာရေး

ကူးစက်ရောဂါသည်  တစ်ယောက်မှတစ်ယောက်သို့ကူးစက်ခြင်းဖြစ်သည့်အတွက်  မိမိကစ ကာကွယ်ကြရန်လိုအပ်သည်။ တစ်ဦး ချင်းစီက ကူးစက်ရောဂါကိုကြိုတင်ကာကွယ်ထားမည်ဆိုလျှင်ရောဂါပျံ့နှံ့မှုရပ်တန့်သွားမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းကြုံတွေ့ နေရသော COVID-19 ကူးစက်မြန်ရောဂါသည် ယခုအခါ တတိယလှိုင်းအဖြစ်မျိုးရိုးဗီဇပြောင်းကာ ကမ္ဘာကြီးကိုဒုက္ခပေး လာပြန် သည်။ ယခုကြုံတွေ့နေရသော တတိယလှိုင်းသည် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများတွင်လည်း ကူးစက်မှုနှုန်းမြင့်မားနေသည့် အတွက် မြန်မာနိုင်ငံသည်လည်း အထူးဂရုစိုက်ဆောင်ရွက်နေကြရသည်။

သဘာဝဘေးအောင်မြင်စွာကျော်လွှားရေး

ယမန်နှစ်ဇူလိုင်လအတွင်းက မိုးလေဝသဖြစ်စဉ်နှင့်သဘာဝဘေးဖြစ်ပွားမှုများကို ပြန်လည်လေ့လာကြည့်သောအခါ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကပ်လျက်နိုင်ငံတွင် သဘာဝဘေးကြုံတွေ့လျှင် မြန်မာနိုင်ငံတွင်လည်း ကြုံတွေ့ရသည်။ ယမန်နှစ်ဇူလိုင်လက တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့်ဂျပန်နိုင်ငံတို့တွင် ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းများဖြစ်လျက်ရှိကြောင်း တရုတ်နိုင်ငံ၌ အဆိုးဆုံး ရေကြီးမှု ကြုံတွေ့ရဦးမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက သတိပေးထားကြောင်း သတင်းတစ်ပုဒ်ကို ဗန်ကောက်ပို့စ်တွင် ဖော်ပြ ထားသည်။ ဂျပန်အစိုးရအနေဖြင့် ရေလွှမ်းမိုးမှုနှင့်မြေပြိုမှုများဖြစ်ပွားသောဒေသများ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်

ဖြစ်စဉ်မှန်ကိုမြင်အောင်ကြည့်၍ ပြုပြင်နိုင်ကြပါစေ

လူတိုင်းသည် လုပ်ငန်းဆောင်တာလုပ်ဆောင်ရာ၌ မိမိလုပ်ဆောင်သည့်အလုပ်သည် နိုင်ငံနှင့်လူမျိုးအတွက် ဖြစ်ရန်လိုအပ်လှသည်။ မိမိတစ်ကိုယ်ရေကောင်းစားရေးအတွက် လူတိုင်းလုပ်ဆောင်နေကြသော်လည်း မိမိ လုပ်ရပ်သည် သူတစ်ပါးကို မထိခိုက် မနစ်မွန်းစေရန်လိုအပ်သည်။ အများကောင်းကျိုးသယ်ပိုးနိုင်ခြင်း ထင်ထင် ရှားရှားမရှိသော်မှ အများနစ်နာမှုမပြုမိစေရန် အရေးကြီး လှသည်။ အလုပ်လုပ်ရာ၌ အလုပ်ကိုတန်ဖိုးထား လေးစားရမည်ဖြစ်သည်။ အထူးသဖြင့် မိမိဘဝတစ်လျှောက်တွင် မိမိသည် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်လျှင် ထိုအလုပ်သည် မိမိအသက်သခင်ဟုပင်ပြောဆိုနိုင်လေသည်။

လူသားတိုင်း လောကကိုကောင်းကျိုးပြုနိုင်ကြပါစေ

နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ကမ္ဘာ့လူဦးရေသန်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၁၉၈၉ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်မှစတင်ကာ လူဦးရေဆိုင်ရာ ပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်နွှယ်မှုကို ပိုမိုသဘောပေါက်လာစေရန် ရည်ရွယ

ချမ်းသာခြင်း သို့တည်းမဟုတ် ဆင်းရဲခြင်း

လူတစ်ဦး၏ဘဝသက်တမ်းတစ်လျှောက်တွင် ချမ်းသာခြင်း သို့တည်းမဟုတ် ဆင်းရဲခြင်းတို့သည် ကြုံတွေ့ နေရမည်သာဖြစ်သည်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆိုသည်မှာ ငွေကြေးကိုအဓိကထား၍ ပြောလိုရင်းမဟုတ်ပါ။ အဓိကမှာ လူတိုင်းထားရှိရမည့်စိတ်ထားဖြစ်သည်။ စိတ်ထားတတ်လျှင် မြတ်သည်ဟူသောစကားသည် စိတ် ချမ်းသာခြင်းကိုရည်ရွယ်ခြင်းဖြစ်သည်။ စိတ်ချမ်းသာခြင်း၊ စိတ်ဆင်းရဲခြင်းဆိုသည်မှာ မိမိတို့တစ်ဦးချင်း၏ အသိ စိတ်တွင်မူတည်ပေသည်။ မိမိစိတ်ကိုနိုင်လျှင်နိုင်သလောက် စိတ်ချမ်းသာရ၏။ မိမိစိတ်ကို မိမိမနိုင်လျှင် မနိုင်သလောက် စိတ်ဆင်းရဲရပေလိမ့်မည်။ မိမိတို့တစ်ဦးချင်းသည် မိမိတို့၏စိတ်ကိုစိုးပိုင်ထားနိုင်သမျှ စိတ်ချမ်းသာမှုရှိနေမည

အကျိုးအကြောင်း အဆိုးအကောင်း

လူသားတို့တွင် ကိုယ်ကျင့်တရားသည် လွန်စွာအရေးပါလေသည်။ ကိုယ်ကျင့်တရား ကောင်းမွန်သူသည် စည်းစိမ်ဥစ္စာ များစွာရခြင်း၊ ကောင်းသတင်းကျော်စောခြင်း၊ ကြောက်ရွံ့ခြင်းမရှိ၊ ကြည်လင်သန့်ရှင်းခြင်း၊ တွေဝေမိန်းမောစွာ မသေရခြင်း၊ ကောင်းမြတ်သောဘုံသို့ ကပ်ရောက်ရခြင်းဟူသော အကျိုးတရား ငါးပါးဖြစ်ထွန်းပါသည်။ ထို့အတူ သီလရှိသောသူသည်လည်း

ကျန်းမာ ချမ်းသာ ဘေးကင်းကွာ

ကမ္ဘာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုအရှိန်အဟုန်မြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံသည်လည်း ဂရုစိုက်ရမည့် အနေအထားဖြစ်လာသည်။ ရောဂါပိုးကူးစက်မှုမှာ လူ့ခန္ဓာကိုယ်အတွင်း

မြို့ရွာများအေးချမ်းတည်ငြိမ်ရေးပါဝင်ကြိုးပမ်း

ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများဖွင့်လှစ်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်နေသည့် ခင်ကျော် (UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါနအပါအဝင် ဆက်စပ်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သတင်းကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါသတင်းတွင် KNU နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်းဖွင့်လှစ်နေသော