မေတ္တာသင်္ဂဟအဖွဲ့မှ တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ သို့ အဝတ်အထည်နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
နေပြည်တော် သြဂုတ် ၂၅
မေတ္တာသင်္ဂဟအဖွဲ့မှ တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ သို့ အဝတ်အထည်နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ တွင် ပြုလုပ်သည်။
ဦးစွာ မေတ္တာသင်္ဂဟ အဖွဲ့မှ အကယ်ဒမီ ခန့်စည်သူက လှူဒါန်းရခြင်း အကြောင်းအား ပြောကြားပြီး တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ တပ်မှူးက မေတ္တာသင်္ဂဟ အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။