နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း
Submitted by mgmgtharlaydsitd on Sat, 06/05/2021 - 18:03နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-
မေး။ ငွေကြေး ကျပ်တည်းမှုကို အခွင့်ကောင်းယူကာ ငွေကြေးချမ်းသာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းများ အပါအဝင် ၎င်းတို့နှင့်နီးစပ်သည့် စစ်တပ်အသိုင်းအဝိုင်းက ကျပ်ငွေသား လက်ဝယ်လိုချင်သူများကို အမြတ်တင် ရောင်းချနေတယ်ဆိုပြီး Irrawaddy သတင်းဌာနက ဖော်ပြထားတာ တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဖြစ်မှန် သိချင်ပါတယ်ခင်ဗျာ။