အခန်းဆက်ဝတ္ထုရှည်

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

“ဒီဘက်ခန်းက ရိုက်နေတာကို ဟိုဘက်ကခန်းက အတိုင်းသားကြားရတာဆရာရဲ့။ သူ့တစ်ခန်းကျော်မှာ အောင်မြင့်အဒေါ်ရှိနေတယ်။ အောင်မြင့်က အဒေါ့်ဆီလာလာပြီး စားသောက်၊ စကားစမြည်ပြောရင်းက တွေ့သွားကြတာနဲ့တူတယ်။ ဒါပေမဲ့ ဘယ်သူမှ အသေအချာမစွပ်စွဲရဲကြဘူး။ လက်ပူးလက်ကြပ်လည်း မိတာ မဟုတ်ဘူး။ “စင်ရော်လိုက်သွားတယ်ဆိုတာကရောကွာ”

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

''မြင့်သိန်းလေးနဲ့ ကျင်ကျင်ပေါ့ ဆရာကြီးရယ်'' ''ဟ သူတို့နှစ်ယောက် ခွာပြဲနေကြတယ်ဆို။ ဦးမြစ်တို့ ဒေါ်သေးသေး တို့က  သဘောမတူဘူးဆို'' ''အဲဒါ ဖေကြံတာပေါ့ ဆရာကြီးရယ်'' ''ဘယ်လိုလဲကွ၊ ပြောစမ်းပါဦး ကွာ''

''ကျွန်တော်မြင့်သိန်းလေးကို တော်တော်သနား လာတယ် ဆရာကြီး။ ဒါနဲ့အကြံအစည်ထုတ်ရတော့ တာပေါ့။ ပထမ ကိုသန်းမောင်နဲ့တိုင်ပင်တယ်။ ပူပုံပန်း ပေါ့ ဆရာရယ်။ ကျင်ကျင်မြင်လောက်မယ့်၊ ကျင်ကျင် ကြားလောက်တဲ့ နေရာမှာ ကိုသန်းမောင်က မယ်ဒလင် တီး၊ မြင့်သိန်းလေးက ပူပုံပန်းသီချင်းဆို'' ''အို အပျိုရယ် မင်းမိဘတွေ စိတ်တူတာကိုယူမယ် ကြံရော့သလား''

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

သောင်းဒန်လည်း တက်တက်ကြွကြွ ဖြစ်လာသည်။ မတက်ကြွလျှင်မခံနိုင်။ သီတင်းကျွတ်ကျောင်းပိတ် ရက်နီးလာပြီဖြစ်ရာ မြင့်မြင့်သန်းနှင့် ကလေးများ စင်ရော်တံတားသို့ အလည်လာမည့်ရက် မဝေးတော့ပြီ။