အရေးကြီးပြီ သွေးစည်းကြစို့ (၁၉၇၁ခုနှစ်၊ အမျိုးသားစာပေဆုရ ၀တ္ထုရှည်)
ဆောင်းပါးရှည်-ကျော်အောင်
ယမန်နေ့မှအဆက်
လှမင်း စိတ်ပျက်သွားဟန်တူသည်။ ''ဘာလဲ၊ ဒီကောင်စိတ်ပျက်နေသလား။ မင်းပြန်ပြေးမယ်တော့ စိတ်မကူးနဲ့ နော်'' ''မပြန်ပါဘူးဗျာ''
''ငါသွားနေတုန်း ဘာများထူးသေးသလဲ''
''သြော် မနေ့ညက လက်သမားတစ်ယောက် ပျဉ်ကျလို့ ခြေထောက်မှာ ဒဏ်ရာကြီးတာနဲ့ စင်ရော် ဆေးရုံကိုပို့ လိုက် ရတယ်'' ''ဘယ်သူလဲကွ၊ ဘယ့်နှယ်နေသေးလဲ'' ''ကိုသန်းဖေပါ။ ခုတော့ သက်သာသွားပြီ ပြောတာပဲ။
