အခန်းဆက်ဝတ္ထုရှည်

အရေးကြီးပြီ သွေးစည်းကြစို့ (အမျိုးသားစာပေဆုရ ဝတ္ထုရှည်)

ဆောင်းပါးရှင်- ကျော်အောင်

သူတို့အောက်ငယ်သော အောင်ဖေဆိုသည့် ကောင်လေး တစ်ယောက်သည် သွယ်သွယ်သခင်မ၏ ဖမ်းစားခြင်းကို ခံရသည်။

''အစ်ကိုရ လုပ်စမ်းပါဦးဗျ''ဟူ၍ သောင်းဒန်ဆီ လာကာ လူနာ အမဲခြောက်ဖုတ်တောင်းသလို အပူကပ် လေ့ရှိသည်။ သောင်းဒန်နှင့်စိန်စိန်   ချစ်နေကြမှန်း သိ၍ အပူကပ်ခြင်းဖြစ်သည်။

''ဟ ကောင်လေးရ။ ငါ ဘာတတ်နိုင်မှာလဲကွ။ သွယ်သွယ် နင် အောင်ဖေကို ကြိုက်လိုက်လို့ ပြောလို့ ရတာမှ မဟုတ်ဘဲ''

''အေးပါဗျာ၊ ခင်ဗျားကြီးတို့ကတော့ ဇိမ်ကျနေတာ ပေါ့''

 ''နည်းနည်းပါးပါးတော့ ငါ ပြောပေးပါ့မယ်ကွာ။

အရေးကြီးပြီ သွေးစည်းကြစို့

စိမ့်မြိုင်ဘက်က လယ်သမားတွေလိုနေမှာပေါ့ဗျာ။ စိမ့်မြိုင်ဘက်မှာ အခု လယ်လုပ်မယ့်သူ မရှိတော့ဘူး။ အောင်နိုင်ဘက်   တစ်ခေါက်  မှောင်ခိုပစ္စည်းသယ်ပေးရင် တစ်ရာလည်းဟုတ်တယ်။ သုံးရာလည်းဟုတ်တယ်။ တစ်နှစ်လုံး လယ်လုပ်လို့မှ လယ်သမားတစ်ယောက်အဖို့ ငွေသုံးရာမပိုတာ။ အခု တစ်ပတ်လောက်အတွင်း သုံးရာရတယ်ဆိုတော့  ဘယ်သူလယ်လုပ်ကြတော့မလဲဗျ။

အရေးကြီးပြီ သွေးစည်းကြစို့

၁၉၇၁ ခုနှစ် အမျိုးသားစာပေဆုရဝတ္ထုရှည်

-----------------------------------

တောင်တွေ့လမ်းဖောက်၊ ချောင်းတွေ့တံတားဆောက် ဇင်ယော်(စင်ရော်) ချောင်းတံတား ဆောက်လုပ်ရေး အတွက် တာဝန်ပေးရန် အင်ဂျင်နီယာရှာနေကြသည်။ တံတားဆောက်ဖူးသူ၊ အတွေ့အကြုံရှိသူကိုရှာသည်။ တာဝန်ရှိသူတို့ ခေါင်းကိုက်သည်။ လူမတွေ့နိုင်။ ရှည်ရှည်ဝေးဝေးစဉ်းစားလေလေ ဦးနှောက်ခြောက်လေ လေဖြစ်နေသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ဤခရီးစဉ်လေးမပြီးစေချင်။ မကုန်စေချင်။ စက္ကန့်တိုင်းမှာ ကြည်နူးစရာပျော်စရာ။ ရှုခင်းအလှများကို နှစ်ယောက်အတူကြည့်ကြ၊ ခံစားကြရသည်။ ရွှေကြက်ယက် လမ်းဆုံရောက်သောအခါ နှစ်ယောက်အတူဆင်း ကြသည်။ မောင်ငြိမ်းချမ်းက အရင်ဆင်းပြီး လက်ကလေးကမ်းပေးသည်။ မို့မို့က မောင်ငြိမ်းချမ်းလက်ကို အားပြုပြီး ကားပေါ်မှဆင်းသည်။ နှစ်ယောက်အတူ လျှောက်ခဲ့ကြ၏။

ငယ်ဘဝ

ယမန်နေ့မှအဆက်

အပြန်ခရီးတွင် မို့မို့ပါသောကားပေါ်မှာ လိုက်ခဲ့ရန် သူငယ်ချင်းများက လှမ်းခေါ်သည်။ မောင်ငြိမ်းချမ်း ခေါင်းခါပြလိုက်သည်။

သီတာဒေဝီမင်းသမီးလေးပါသောကားကိုလည်း မောင်ငြိမ်းချမ်းမလိုက်ဖြစ်ပါ။ သို့သော် ဘာကြောင့် မှန်းမသိ။ ထိုကားထွက်သွားသည်ကို ငေးကြည့်နေမိသည်။ လူကစိတ်နှင့်ကိုယ်နှင့်မကပ်ချင်။ ကိုယ်အမြတ် တနိုးတန်ဖိုး ထား၍ချစ်မိသူက ကိုယ့်ကိုလုံးဝ စိတ်မဝင်စားပါဆိုသော စာအတွက် ရင်မှာနာကျင်ခံစားနေရသည်။ ဘာဆက်လုပ်ရမှန်းလည်း မသိ။ ငေးငေးငိုင်ငိုင် ကျန်ရစ်ခဲ့သော မောင်ငြိမ်းချမ်းနောက်ဆုံးကျန်သော ကားနှင့် လိုက်ပါလာခဲ့သည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

လှလှရီက ဆက်ပြောချင်ပုံမရ။

“ကျွန်တော်သူ့ကို မိတ်ဆက်စကားပြောလို့ရမလား” မောင်ငြိမ်းချမ်းစူးစမ်းကြည့်ခြင်းဖြစ်၏။

“အမယ်လေး မလုပ်ပါနဲ့ ရှက်တာနဲ့ သေတောင်သွားဦးမယ်”

မောင်ငြိမ်းချမ်း ဘာမျှမပြောချင်တော့ပါ။ မလွယ်ပါလားဟုလည်း စိတ်အားပျက်ရသည်။ မောင်ငြိမ်းချမ်းက ပြန်ခါနီးမှာ မို့မို့နှင့်အခန်းဖော် ထွေးထွေးနှင့် စကားပြောရင်း...

“အခန်းနံပါတ် ဘယ်လောက်လဲ...” ဟု ထွေးထွေးကို မေးသည်။

ငယ်ဘဝ (လယ်တွင်းသားစောချစ်)

ယမန်နေ့မှအဆက်
တက္ကသိုလ်ကျောင်းဖွင့်၍ ပြန်သွားရတော့မည့်အခါတွင် မောင်ငြိမ်းချမ်း ချွေချွေတာတာသုံး၍ ချန်ထားသော ငွေလက် ကျန်ရှိပါ၏။ သို့သော် ဦးလေးက မိဘတို့ ထုံးစံအတိုင်း ကျောင်းသွားမည့် မောင်ငြိမ်းချမ်းကို ပိုက်ဆံ ပေးချင်သည်။ ''မခင်ရေ...လုပ်ပါဦး၊ လူလေး ကျောင်းသွားတော့မှာ ပိုက်ဆံပေးဖို့လုပ်ပါဦး'' မောင်ငြိမ်းချမ်း၏ နှမကို လှမ်းပြောသည်။
မောင်ငြိမ်းချမ်း သိပါသည်။ အိမ်မှာပိုက်ဆံမရှိ။ နှမလေးက ရက်ကန်းခတ်ပါသည်။ လက်ခစားနှင့်ခတ်ရ ခြင်းဖြစ်၏။ သို့သော် ထိုလက်ခလေးများမှာ လယ်စရိတ်၊ ယာစရိတ် မပေးမဖြစ်သည်တို့အတွက် ကြိုတင်ယူသုံး ထားပြီးဖြစ်ပါသည်။