အခန်းဆက်ဝတ္ထုရှည်

ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်း ဝါသနာပါသည်က စာဖတ်၊ စာရေးမောင်ငြိမ်းချမ်းဖြစ်ချင်သည့် ရည်မှန်းချက်က စာရေးဆရာ။

ငါးတန်းမြန်မာစာ ဆရာမဒေါ်အေးငွေ ပြောကတည်းက စာရေးဆရာဖြစ်ချင်ခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ မြန်မာစာအဓိကဘာသာနှင့် တက်ရန်ပထမဦးစားပေးတင်လိုက်သည်။ ဒုတိယနှင့် တတိယဦးစားပေးမှာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်သည်။

တက္ကသိုလ်တက်ရန် ဦးစားပေးဘာသာရပ်ကို ရွေးပြီးပြီ။ မောင်ငြိမ်းချမ်း  အောင်စိတ်နှင့်တက်ကြွနေသည်။ သို့သော် တက္ကသိုလ်တက်ရန်အတွက် ငွေကြေးပြည့်စုံခြင်းမရှိ၊ လမ်းညွှန်စာအုပ်ပါ စာပိုဒ်တစ်ခုအတွက်သာ အားတက်စရာရှိသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ရွှေတိဂုံသွား ဘုရားဖူးပြန်လာလျှင်လည်း ဖတ်သည်။ မြို့ထဲမှပြန်လာလျှင်လည်း ဖတ်သည်။ ပေးထားသော စာအုပ်များမှာ အားလုံးပေါင်း ၂၂ အုပ်ဖြစ်သည်။

လက်သန်းခန့်သာထူသော စာအုပ်ကလေးများဖြစ်သည်။ တစ်လနီးပါးကြာသောအခါ အားလုံးဖတ်ပြီး သွား သည်။ နောက်ဆုံးစာအုပ်ဖတ်ပြီးချိန်မှာ ဆိုင်ထဲတွင် ဘကြီးရှိနေသည်မို့ ဘကြီးကိုလှမ်းကြည့်ပြီး “ဘကြီး ကျွန်တော်ကျောက်ဆည်ပြန်တော့မယ်...” ဟုပြောလိုက်သည်။

ဘကြီးက သူ့တူကိုလှမ်းကြည့်လိုက်သည်။ ပြောပုံလေသံကို သဘောကျသည်။ သိမ်သိမ်ငယ်ငယ်မဟုတ်။ သေချာအောင်ထပ်မေးလိုက်သည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ထင်သာထင်သည် ဘာမျှမရ။ သို့သော် တစ်ခုတော့ရလိုက်သည်။ စာရေးချင်စိတ်ကို နှိုးဆွပေး လိုက်ခြင်းဖြစ်သည်။ တစ်နှစ်လုံး ဆက်ရေးနေသည်။ နောက်တစ်နှစ်တွင် အလွမ်းဝတ္ထုတိုလေး တစ်ပုဒ်ရေး၍ ပြိုင်ပွဲဝင်၏။

စာနုစာနွဲ့ဖြစ်သည်။ ခေါင်းစဉ်က “ညောင်ရွက်ကြွေ လေတွင်လွင့်ရှာပေါ့” ဟူ၍ဖြစ်သည်။ ဝတ္ထု ဇာတ်အိမ်မခိုင်ပါ။ ဇာတ်လမ်းလည်းမဆန်ပါ။ သို့သော် အနုအနွဲ့စာပန်းချီကိုက်ဆေးသူများ သဘော ကျသည်ထင်ပါ၏။ မောင်ငြိမ်းချမ်း ပထမဆုရသည်။