ရေနံဈေးနှုန်း အဆမတန်မြင့်တက်နေစဉ် အာရှဒေသရှိ ကုမ္ပဏီများက အီရန်မှ ရေနံပြန်သွင်းရန် စိတ်ဝင်စားလာ
Submitted by mgmgtharlaydsitd on Fri, 02/18/2022 - 10:35ရေနံဈေးနှုန်း အဆမတန်မြင့်တက်နေစဉ် အာရှဒေသရှိ ကုမ္ပဏီများက အီရန်မှ ရေနံပြန်သွင်းရန် စိတ်ဝင်စားလာ
ကမ္ဘာ့ရေနံဈေးနှုန်းသည် ခုနစ်နှစ်ကျော် ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေစဉ် အာရှဒေသရှိ ရေနံချက်စက်ရုံ ကုမ္ပဏီများက အီရန်မှရေနံများကို ပြန်လည်တင်သွင်းရန် စိတ်ဝင်စားလာသည်။
အထူးသဖြင့် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ နိုင်ငံရေး ကစားပွဲများကြောင့် စွမ်းအင်ထောက်ပံ့မှု ကဏ္ဍ ကမောက်ကမ ဖြစ်လာနိုင်သည်ကို မျှော်မှန်းကာ ရေနံဈေးနှုန်း မြင့်တက်နေခြင်းလည်း ဖြစ်သည်။