စမတ်ဖုန်းသုံးစွဲခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ
Submitted by mwd_webportal on Sat, 05/17/2025 - 10:55စမတ်ဖုန်းသုံးစွဲခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ
ဆောင်းပါးရှင် - ကိုကျော်စွာ(ကျိုက်ပိ)
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်စေ၊ မွေးမြူရေးဖြစ်စေ နည်းပညာကိုအခြေခံ၍သာလျှင်စိုက်ပျိုးမွေးမြူနေကြသည်ကိုအားလုံးအသိပင်ဖြစ်သည်။နည်းပညာနှင့်သက်ဆိုင်သောပစ္စည်းကိရိယာများကလည်း တစ်နေ့တစ်မျိုးမရိုးနိုင်အောင် တီထွင်ဆန်းသစ်နေကြသည်။ ထိုပစ္စည်းများအနက်လက်ကိုင်ဖုန်း(Smart Phone)လည်း တစ်ခုအပါအဝင်ဖြစ်သည်။
