ကိုယ်စီအသိ ရင်ဝယ်ရှိ သင်၏ကျန်းမာရေး

ကူးစက်ရောဂါသည်  တစ်ယောက်မှတစ်ယောက်သို့ကူးစက်ခြင်းဖြစ်သည့်အတွက်  မိမိကစ ကာကွယ်ကြရန်လိုအပ်သည်။ တစ်ဦး ချင်းစီက ကူးစက်ရောဂါကိုကြိုတင်ကာကွယ်ထားမည်ဆိုလျှင်ရောဂါပျံ့နှံ့မှုရပ်တန့်သွားမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းကြုံတွေ့ နေရသော COVID-19 ကူးစက်မြန်ရောဂါသည် ယခုအခါ တတိယလှိုင်းအဖြစ်မျိုးရိုးဗီဇပြောင်းကာ ကမ္ဘာကြီးကိုဒုက္ခပေး လာပြန် သည်။ ယခုကြုံတွေ့နေရသော တတိယလှိုင်းသည် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများတွင်လည်း ကူးစက်မှုနှုန်းမြင့်မားနေသည့် အတွက် မြန်မာနိုင်ငံသည်လည်း အထူးဂရုစိုက်ဆောင်ရွက်နေကြရသည်။

ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုနှင့်ပတ်သက်၍သံသယရှိပါက မိမိတို့နေအိမ်များတွင် ဆေးမြီးတိုများဖြင့် ကျိတ်၍ကုသခြင်း မပြုဘဲ သက်ဆိုင်ရာမြို့နယ်များအလိုက်ဖွင့်လှစ်ထားသည့် ဒေသန္တရကျန်းမာရေးဌာနများသို့ ချက်ချင်းသွားရောက် ပြသရန်လိုပေ သည်။ ဒေသန္တရကျန်းမာရေးဌာနများမှတစ်ဆင့် ဆေးရုံသို့လွှဲပြောင်းပေးရန်လိုအပ်ကလွှဲပြောင်းပေးပါလိမ့်မည်။ အချိန်မီဆေးဝါး ကုသမှု ခံယူမှသာ ရောဂါဆိုသည်မှာပျောက်ကွယ်သွားမည်ဖြစ်သည်။ အဓိကမှာ မှန်မှန်ကန် ကန်သတင်းပို့ဆက်သွယ် ဆောင်ရွက် ခြင်းသည် မိမိအတွက်၊ သူတစ်ပါးအတွက်အကောင်းဆုံးဖြစ်သည်။

အကယ်၍မိမိတွင် ရောဂါဖြစ်နေသည်ဟုသိရလျှင် ဆေးရုံတက်ရောက်ကုသခြင်းဖြင့် အခြားသူတစ်ဦးသို့ ကူးစက်ခြင်းဖြစ်လိမ့်မည် မဟုတ်တော့ပေ။ ယနေ့ဖြစ်ပွားနေသော COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအတွက် မဖြစ်မနေလိုအပ်ချက်မှာ အောက်ဆီဂျင်အချိန်မီပေးနိုင်ရေးဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်၍ အဖျက်သမားများ၊ အဖျက်သတင်းမီဒီယာများအနေဖြင့် ပြည်သူများစိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်အောင် သတင်းအမှားများဖြန့်ဝေနေသည်။ ဘယ်နေရာမှာရှိတဲ့အောက်ဆီဂျင်စက်ရုံပျက်သွားပြီ။ အောက်ဆီဂျင်တွေရှားပါးနေပြီ အစရှိသည်ဖြင့် မဟုတ်မမှန်သော သတင်းအမှားကိုဖြန့်နေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောက်ဆီဂျင်လိုအပ်ချက်များအပေါ် ပြည်သူ လူထုအထိတ်တလန့်ဖြစ်စေရန် သတင်းမှားဖော်ပြနေမှုများနှင့်ပတ်သက်၍ “Oxygen  က လက်ရှိအနေအထားမှာ လုံလုံလောက် လောက်ရှိပါတယ်။ လူတွေကကြောက်လန့်ပြီးတော့ စိုးရိမ်ပြီးတော့ အချို့ကလည်းဝယ်ထားတာရှိတယ်။ အချို့ကလည်း မသမာ တဲ့နည်းနဲ့လုပ်ဖို့ကြိုးစားနေတာလည်းရှိတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ဆောင်ရွက်လိုတဲ့လူတွေလည်းရှိတယ်။ Oxygen  အိုးတွေကို ဝယ်ပြီးတော့ ဖမ်းထိန်းတယ်။ Oxygen  ပြတ်သွားပြီ။ အဲ့မှာ Rumour တွေ ထွက်ကုန်တယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကပဲ ပြင်ဦးလွင်မှာရှိတဲ့ Oxygen plant ပျက်သွားတယ်ဆိုပြီးတော့ ဖြစ်လာတယ်။ ကျွန်တော်က တာဝန်ရှိတဲ့ သူတွေကိုမေးတဲ့အခါကျတော့ နေ့လယ် ၁၂ နာရီအထိအကောင်းပါပဲတဲ့ ဘာမှမဖြစ်ပါဘူး” ဟူ၍ ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဖျက်သမားတို့သည် ပြည်သူလူထုဒုက္ခရောက်စေရေးရည်ရွယ်ချက်ဖြင့် ကောလာဟလအမျိုးမျိုး ထုတ်လွှင့်နေသည်။ ပွဲလန့်တုန်း ဖျာခင်းနေသည့်အတွက် ပြည်သူများအနေဖြင့် သတိရှိရှိဖြင့်ဆင်ခြင် ဆောင်ရွက်ရမည့်အချိန်အခါဖြစ်သည်။ COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးကိစ္စရပ်သည် ပြည်သူများ၏ ကျန်းမာရေးကိစ္စရပ်ဖြစ်သည်။ လူသားတို့၏ အသက်ရှင်သန်ရေးအရေးကြီးနေသော ကျန်းမာရေးကိစ္စဖြစ်သည့်အတွက် ပြည်သူများဒုက္ခရောက်အောင် လုပ်ဆောင်ခြင်းသည် လွန်စွာမိုက်မဲသော လုပ်ရပ်ဖြစ်သည်။

တပ်မတော်သည် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါစတင်ဝင်မလာမီကပင် ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတစ်နံတစ်လျားတွင် တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသမှုများ ဆောင်ရွက်နိုင်ရေး ၁၂၇၈ နေရာတွင် လူဦးရေ ၃၈၉၇၂ ဦးလက်ခံနိုင်ရေးပြင်ဆင်ထားပြီးဖြစ်သည်။ အရပ်ဘက်အနေဖြင့် ၁၄၅၃ နေရာတွင် လူဦးရေ  ၇၁၄၇၅ ဦးလက်ခံနိုင်ရေးပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည်။ အဆိုပါပြင်ဆင်ဆောင်ရွက်ထားသည့်နေရာများတွင် COVID-19 ရောဂါနှင့်ပတ်သက်သောပြည်သူများကို လက်ခံပေးလျက်ရှိနေပြီဖြစ်သည်။ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေသော ဝေးလံခေါင်ဖျားသည့် ဒေသများသို့ တပ်မတော်သားဆရာဝန်များကို စဉ်ဆက်မပြတ်စေလွှတ်ပေးလျက်ရှိသည်မှာလည်း တပ်မတော် သားတို့၏ စိတ်ရင်းစေတနာဖြစ်သည်။ COVID-19 ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍သတင်းကောင်းတစ်ခုမှာ မိမိနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးသုတေသန တပ်ဖွဲ့များအားလုံးပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် နိုင်ငံတော်နှင့်တပ်မတော်ပိုင်းအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာပြည်သူများအနေဖြင့်လည်း ကိုယ်စီ အသိရင်ဝယ်ထားရှိကာ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ လူစုလူဝေးရှောင်ပါ ဟူ၍အသိပေး၊ သတိပေး ရေးသားလိုက်ရပေသည်။  ။