ချမ်းသာခြင်း သို့တည်းမဟုတ် ဆင်းရဲခြင်း

လူတစ်ဦး၏ဘဝသက်တမ်းတစ်လျှောက်တွင် ချမ်းသာခြင်း သို့တည်းမဟုတ် ဆင်းရဲခြင်းတို့သည် ကြုံတွေ့ နေရမည်သာဖြစ်သည်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆိုသည်မှာ ငွေကြေးကိုအဓိကထား၍ ပြောလိုရင်းမဟုတ်ပါ။ အဓိကမှာ လူတိုင်းထားရှိရမည့်စိတ်ထားဖြစ်သည်။ စိတ်ထားတတ်လျှင် မြတ်သည်ဟူသောစကားသည် စိတ် ချမ်းသာခြင်းကိုရည်ရွယ်ခြင်းဖြစ်သည်။ စိတ်ချမ်းသာခြင်း၊ စိတ်ဆင်းရဲခြင်းဆိုသည်မှာ မိမိတို့တစ်ဦးချင်း၏ အသိ စိတ်တွင်မူတည်ပေသည်။ မိမိစိတ်ကိုနိုင်လျှင်နိုင်သလောက် စိတ်ချမ်းသာရ၏။ မိမိစိတ်ကို မိမိမနိုင်လျှင် မနိုင်သလောက် စိတ်ဆင်းရဲရပေလိမ့်မည်။ မိမိတို့တစ်ဦးချင်းသည် မိမိတို့၏စိတ်ကိုစိုးပိုင်ထားနိုင်သမျှ စိတ်ချမ်းသာမှုရှိနေမည်ဖြစ်သည်။ စိတ်ကိုစိုးပိုင်ထားနိုင်သည်ဆိုသော်လည်း ကောင်းမှု၊ မကောင်းမှုကိုခွဲခြားကာ သိမြင်တတ်သောစိတ်ရှိဖို့လည်း လိုအပ်သေးသည။ အကြောင်းအရာတစ်ခုနှင့် ကြုံလေတိုင်း ထိုကြောင်းအရာကို ကောင်းမွန်ခြင်း၊ ကောင်းစွာကြံစည်တွေးတောခြင်း၊ ကောင်းစွာပြောဆိုခြင်း၊ ကောင်းစွာပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်း၊ ကောင်းစွာအားထုတ်ခြင်း၊ ကောင်းစွာအောက်မေ့ခြင်း၊ ကောင်းစွာတည်ကြည်ခြင်းတို့ဖြင့် စဉ်းစားဆုံးဖြတ်လုပ်ဆောင်ကြရမည်ဖြစ်ပေသည်။ ဤသည်မှာ စိတ်ချမ်းသာသောနည်းလမ်းများဖြစ်သည်။ ဤနည်းလမ်းကိုအသုံးမပြုသူတို့သည် စိတ်ဆင်းရဲခြင်းကြီးစွာနှင့် ရင်ဆိုင်နေကြရသည်။ ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ကို အထက်ပါနည်းလမ်းရှစ်ချက်နှင့် ကြည့်မြင်သုံးသပ်သင့်သည်။ အဘယ်ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာရသနည်း။ မှန်မှန်ကန်ကန်သုံးသပ်ကြည့်သင့်သည်။ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ၁၁ သန်းကျော် ပေါ်ပေါက်ခဲ့သည်။ ရာခိုင်နှုန်း အားဖြင့်ဆိုလျှင် မဲပေးသူအားလုံး၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းမဲမသမာမှုဖြစ်ခဲ့သည်။ သက်သေအထောက် အထားစုံလင်စွာထောက်ပြကာ မဲမသမာမှုကိုဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း လုံးဝဖြေရှင်း ပေးခြင်းမရှိခဲ့ပေ။ ဖြေရှင်းပေးရန် အချိန်ကာလ သုံးလတာရှိခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိခဲ့။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်မှန်ကို မျက်ကွယ်ပြုကာ NLD ပါတီဝင်များ၊ ၎င်းင်းပါတီကိုထောက်ခံသူအစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်ကြသည့် CRPH  နှင့် NUG တို့က မသိနားမလည်သော လူငယ်တို့ကိုစည်းရုံးကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေခဲ့သည်။ အခြေအနေမှန်ကို ၎င်းင်းတို့ကိုယ် တိုင်သိပါလျက်နှင့် မျက်ကွယ်ပြုခဲ့သည်။ နိုင်ငံ့ဝန်ထမ်းများအားလုံး လုပ်ငန်းခွင်သို့မဝင်ဘဲနေလျှင် အစိုးရ ယန္တရားကြီးရပ်ဆိုင်းသွားမည်။ နိုင်ငံ့ဝန်ထမ်းများအား CDM လုပ်ဆောင်ရန်လှုံ့ဆော်သည်။ လူငယ်လူရွယ်များ ကိုလက်နက်ကိုင်တပ်ဖွဲ့ဖွဲ့ကာ အစိုးရကိုတော်လှန်ရန် PDF အဖွဲ့ဖွဲ့သည်။

လူမှုကွန်ရက်ကိုအသုံးပြုကာ ညွှန်ကြားချက်အမျိုးမျိုးပေးလျက် အဖျက်လုပ်ငန်းများ အမျိုးမျိုးကို လုပ်ဆောင် စေခိုင်းသည်။ စေခိုင်းသူများမှာ အသက်အန္တရာယ်ကင်းရှင်းလုံခြုံသည့်နေရာမှ စေခိုင်းနေခြင်းဖြစ်သည်။ သူတို့တွင် ငွေကြေးပြည့်စုံသည်။ စားစရာကလိုလေသေးမရှိ။ အဲယားကွန်းအခန်းတွင်နေကာ အလကား ရသည့်ငွေကြေးဖြင့် စေခိုင်းနေခြင်းဖြစ်သည်။ ဖြစ်ရပ်မှန်၊ အခြေအနေမှန်ကိုမသိနားမလည်သူများက အကြမ်း ဖက NLD အနွယ်ဝင်များပြောသမျှ၊ ခိုင်းသမျှ ယုံကြည်ကာလုပ်ဆောင်ပေးကြသည်။ မသိနားမလည်သောလူငယ် များ၊ လူပုဂ္ဂိုလ်ကိုကိုးကွယ်သူများအနေဖြင့် သွေးထိုးလှုံ့ဆော်သူတို့၏လှည့်ဖြားမှုနောက်တွင် လိုက်ပါသွားကြ တော့သည်။ ငွေကြေးလက်ခံရယူကာ စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ ကုန်တိုက်များ၊ လူစည်ကား ရာနေရာများ၊ ရထားလမ်းများ၊ ကားလမ်းများ၊ တံတားများကို မိုင်းခွဲသည်။ မိမိနှင့် သဘောထား ချင်းမတိုက်ဆိုင်သူသတ်ဖြတ်သည်။ ဆရာ၊ ဆရာမများကိုလည်း သတ်ဖြတ်သည်။ ကျောင်းများကိုမီးရှို့သည်။ ကျောင်းသုံးစာအုပ်များကို မီးရှို့သည်။ စာသင်ကြားနေသူ၊ ကျောင်းတက်နေသူများကို ခြိမ်းခြောက်သည်။ သတ်ဖြတ်သည်။ ယုတ်မာဆိုးသွမ်းလွန်းသည်။ မကောင်းမှုပြုသူသည် စိတ်ဆင်းရဲခြင်းနှင့်သာ နိဂုံးချုပ်ရမည်မှာ အမှန်တရားဖြစ်သည်။ မကောင်းမှုကျူးလွန်သူများကို ဖမ်းဆီးရမိသည်။ လက်နက်များခဲယမ်းများနှင့်အတူ အစုလိုက်အပြုံလိုက်ဖမ်းဆီးရမိသည်။ တရားဥပဒေဘောင်အတွင်း သက်ဆင်းရသည့်အခါကျမှ နောင်တရ နေကြသည်။ တောထဲသို့ထွက်ပြေးကာ ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်နေသူတို့သည်လည်း ဒုက္ခမျိုးစုံ ကြုံကာ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်နေကြသည်။ အကယ်၍ ဖြစ်ရပ်တစ်ခုကို မှန်မှန်ကန်ကန်လေ့လာသိရှိအောင် ကြိုးစားပြီးလုပ်သင့်မလုပ်သင့် စဉ်းစားနိုင်ကြမည်ဆိုလျှင် ယခုကဲ့သို့ စိတ်ဆင်းရဲခြင်းနှင့် ကြုံရမည်မဟုတ်ပေ။ ယခုသော်စိတ်ဆင်းရဲခြင်းလမ်းကိုရွေးမိသောကြောင့် စိတ်ဆင်းရဲနေကြသည်။ ချမ်းသာခြင်း သို့တည်းမဟုတ် ဆင်းရဲခြင်းလမ်းနှစ်သွယ်ရှိရာတွင် လူတိုင်းချမ်းသာခြင်းလမ်းကို ရွေးချယ်နိုင်ကြပါရန် ရေးသားလိုက်ရပေသည်။