စဉ်ဆက်မပြတ်ပြည်သူ့အကျိုးသယ်ပိုး

စဉ်ဆက်မပြတ်ပြည်သူ့အကျိုးသယ်ပိုး

ကမ္ဘာ့နိုင်ငံတိုင်းကို ဘေးတွေ့စေသော ကပ်ရောဂါသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပြီး လူသားတို့ အသက်အိုးအိမ်စည်းစိမ်များကို ပျက်သုဉ်းစေသောကြောင့် COVID-19 ကပ်ရောဂါဟု အမည်သတ်မှတ်ခဲ့ကြသည်။ ထိုရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည်။ တပ်မတော်အနေဖြင့် COVID-19 ကပ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးများကို စတင်ဖြစ်ပွားသည်နှင့် ဆောင်ရွက်ပေးခဲ့သည်။ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရပ်နားထားခြင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တက်ရောက် နေစဉ်အတွင်း နှာခေါင်းစည်း Mask များ ပထမဆုံး စတင်တပ်ထားခြင်း၊ ထို့ပြင် ကွာရန်တင်းစင်တာများ ဖွင့်လှစ်ကာ ရောဂါကာကွယ်ကုသရေး ဆောင်ရွက်ခြင်း စသည်များကို လုပ်ဆောင်ခဲ့သည်။

တပ်မတော်သည်တိုင်းပြည်၏ အစိတ်အပိုင်းဖြစ်ပြီး ပြည်သူကြားမှပေါက်ဖွားလာသည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်၍ ကာကွယ်စောင့်ရှောက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိသည်။ COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်း များနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းများကိုလည်း နိုင်ငံအနှံ့အပြား ဆောင်ရွက်ပေး လျက်ရှိသည်။

တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ ပထမအကြိမ် လှူဒါန်းရရှိသည့် စုစုပေါင်းငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်ဖြင့် ဆေးအကာအကွယ်ပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာ လက်ဝှေ့အဖွဲ့တို့အတွက် COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ပဲ၊ ဆားရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းသည့် အခမ်းအနားတွင် ထိုစဉ်က မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌက “ယခုကဲ့သို့စားရေးအခက်အခဲဖြစ်ပေါ်နေသည့် ပုဂ္ဂိုလ်များ၏ လိုအပ်ချက် များကို ကြည့်ရှုပေးသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး ချိန်ကတည်းကပင် အခက်အခဲအကျပ်အတည်းများ ကြုံတွေ့လာတိုင်း ပြည်သူများ ရှေ့က မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါကြောင်း၊ ၁၉၄၉ ခုနှစ် ရန်ကုန်၊ အင်းစိန်တိုက်ပွဲများဖြစ်ပြီး မိမိတို့သတင်းထောက်များ အပါအဝင် ပြည်သူအချို့ရန်ကုန်မြို့အတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၎င်းအချိန်၌ စားရေးရိက္ခာ ပထမဆုံးထောက်ပံ့ပေးခဲ့သူမှာ တပ်မတော်ပင်ဖြစ်ကြောင်း” ကျေးဇူးတင် စကားပြောကြားခဲ့သည်။

တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာပြီး ယနေ့တိုင်ပြည်သူလူထု ကောင်းကျိုးမှန်သမျှ အကောင်းဆုံးသယ်ပိုး ဆောင်ရွက်ပေးလျက်ရှိသည်။ အတိတ်တွင်သယ်ပိုးခဲ့သလို ပစ္စုပ္ပန်တွင်လည်း သယ်ပိုး လျက်ရှိသည်။ အနာဂတ်တွင်လည်း တပ်မတော်သည် ပြည်သူ့အတွက်သာဖြစ်ပေရာ ပြည်သူ့ အကျိုးသယ်ပိုး နေပေလိမ့်မည်။ COVID-19  ကပ်ရောဂါသည် ကမ္ဘာကြီးတွင်အသွင်တစ်မျိုးဖြင့် ထပ်တိုး ဆိုးရွားလာသည့် အတွက် မြန်မာနိုင်ငံတွင်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးများကို ပိုမိုဆောင်ရွက်နေရသည်။ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် အခြေခံပညာ ကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအပါအဝင်)ကို ၉၇၂၀၂၁ ရက်နေ့မှ ၂၃၇၂၀၂၁ ရက်နေ့အထိယာယီ ပိတ်ထားရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၂၁ ခုနှစ် ဇူလိုင် ၉ ရက်က ကျင်းပခဲ့သည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနိဂုံးချုပ်အမှာစကားတွင် “အဓိကကတော့ ကာကွယ်ရေးပိုင်းက အရေးကြီးဆုံးပဲ။ ကာကွယ်ရေးမှာမနိုင်လို့ရှိရင် ကုသရေးမှာလည်း တော်တော် heavy ဖြစ်မယ်။ အဲ့တော့ ကာကွယ်ရေးကတော့အရေးကြီး ဆုံးပဲ။ ကာကွယ်ရေးကိုဦးစားပေးပြီးတော့ လုပ်တာတော့ပိုပြီးတော့ ကောင်းမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ဒါကြောင့် အများပြည်သူကနေပြီးတော့မှ လိုက်နာရမယ့်စည်းကမ်းတွေပေါ့လေ။ တလေးတစားကိုလုပ်ဖို့ လိုပါတယ်။ နောက်တစ်ခုကလည်း Cooperation၊ Coordination ပေါ့၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့လည်းလိုတယ်။ ဟိုလူတွေ ဒီလူတွေခွဲလို့မရပါဘူး။ အရေးကြီးတာကတော့ လူသားတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်မူတည်ပြီးတော့ လုပ်ကြရတာဖြစ်တယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဟူသော စကားအတိုင်း COVID-19 ကို လူတစ်ဦး ချင်းစီအသိ၊ သတိများထား၍ ကာကွယ်ကြမည်ဆိုပါက ရောဂါပိုးကူးစက်မှု လျော့နည်းမည်ဖြစ်သည်။ တပ်မတော်အနေဖြင့်မူ ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက်ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံ လုံးရှိတပ်ရင်း၊ တပ်ဖွဲ့များကို ပြင်ဆင်ခိုင်းထားသကဲ့သို့ လိုအပ်သည့်နေရာများ၌ တပ်မတော်မှ လေယာဉ် ရဟတ်ယာဉ်များအသုံးပြု၍ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသား လိုက်ရပေသည်။  ။