တောင်ရိုးတိုင်းရင်းသားအဖွဲ့သို့ Covid-19ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း

တောင်ရိုးတိုင်းရင်းသားအဖွဲ့သို့ Covid-19ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်အတွင်းရှိ တောင်ရိုးတိုင်းရင်းသားများ အသုံးပြုရန်အတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တောင်ရိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့သို့ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်း ကို ယနေ့နေ့လယ်ပိုင်းတွင် ကလောမြို့၊ တောင်ရိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ရုံး၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်အဖွဲ့ဝင်များ၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင် ဦးသောင်းရွှေနှင့် တောင်ရိုးတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် Covid-19ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များဖြစ်သည့် ရေမလိုလက်သန့်ဆေးရည် ၅၀ ဘူး၊ လက်ဆေးဆပ်ပြာရည် ၁၀၀ ဘူးနှင့် Mask Cover ၂၀၀၀ ခုတို့ကို ပေးအပ်လှူဒါန်း ရာ တောင်ရိုးတိုင်းရင်းသားအဖွဲ့ခေါင်းဆောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။